Homeပြည်တွင်းသတင်းရေဘေးသင့်ပြည်သူတွေကို ကယ်ထုတ်ရင်း PDF ရဲ့ဘော် ၂ ဦး ရေထဲမျောပါပျောက်ဆုံး

ရေဘေးသင့်ပြည်သူတွေကို ကယ်ထုတ်ရင်း PDF ရဲ့ဘော် ၂ ဦး ရေထဲမျောပါပျောက်ဆုံး

၁၃ စက်တင်ဘာ၊၂၀၂၄

နေပြည်တော် ရေးကြီးမှုမှာ ပြည်သူတွေကယ်ထုတ်ရင်း နေပြည်တော် PDF တပ်ရင်းအမှတ်(၉၀၁) မှ ရဲဘော် နှစ်ဦး ရဲထဲမျောပါ ပျောက်ဆုံးနေတယ်လို့ အဆိုပါတပ်ရင်းရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

မည့်သည့်နေရာမှာ ပျောက်ဆုံးခဲ့တယ်ဆိုတာနဲ့ ဖြစ်စဉ်အသေးစိတ်ကို အသိပေးထုတ်ပြန်ထားတာမရှိသေးပါဘူး။

ရာဂီမုန်တိုင်းအရှိန်နဲ့ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် မြန်မာနိုင်ငံတစ်ဝန်း ရေကြီးမြေပြိုမှုတွေဖြစ်ပြီး စက်တင်ဘာလ ၁၃ ရက် ဒီနေ့ မနက်အထိ သေဆုံးသူ ၆၀ ကျော်ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော် တပ်ကုန်း၊ ပျဉ်းမနား၊ လယ်ဝေး၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိ စတဲ့မြို့နယ်တွေမှာ ရေကြီးရေလျှံမှု ဆက်ဖြစ်နေပြီး ကူညီကယ်ဆယ်ရေးတွေ လိုနေအပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီ မီးသတ်ဦးစီးဌာနက စက်တင်ဘာ ၁၂ ရက်နေ့မှာ နေပြည်တော်အတွင်း ရေကြီးမြေပြိုမှုကြောင့် သေ ဆုံးသူစာရင်းကို ထုတ်ပြန်ထားပေမဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထိခိုက်သေဆုံးပျက်စီးမှု အခြေအနေကိုတော့ လက်ရှိအချိန်အထိ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

Photo – Nay Pyi Taw PDF

ဆက်စပ် သတင်းများ

Most read