Homeပြည်တွင်းသတင်းရေဘေးကြောင့် ရမည်းသင်းမြို့ သပြေပင်ရွာမှာ သေဆုံး၊ပျောက်ဆုံး လူ ၇၀၀ ရှိတယ်ဆိုတဲ့ သတင်းမှာ မဟုတ်မှန် ကြောင်း ဒေသခံတွေပြောဆို

ရေဘေးကြောင့် ရမည်းသင်းမြို့ သပြေပင်ရွာမှာ သေဆုံး၊ပျောက်ဆုံး လူ ၇၀၀ ရှိတယ်ဆိုတဲ့ သတင်းမှာ မဟုတ်မှန် ကြောင်း ဒေသခံတွေပြောဆို

၁၄ စက်တင်ဘာ၊၂၀၂၄

ရမည်းသင်းမြို့ သပြေပင်ရွာမှာ ရေကြီးနှစ်မြုပ်မှုကြောင့် ဒေသခံတွေ သေဆုံး၊ပျောက်ဆုံးစာရင်း လူ ၇၀၀ လောက်ရှိနေ တယ်ဆိုတဲ့ သတင်းမှာ မဟုတ်ကြောင်း ဒေသခံတွေက လူမှုကွန်ရက်တစ်ဆင့် အသိပေး လာပါတယ်။

စစ်ကောင်စီ ဝါဒဖြန့် သတင်းမီဒီယာတယ်လီဂရမ်ချန်နယ်တစ်ချို့မှာ ရမည်းသင်းမြို့ သပြေပင်ရွာတွင် ရေကြီးမှု ကြောင့် သေဆုံး၊ပျောက်ဆုံးသူ အရေအတွက်မှာ လူ ၇၀၀ ခန့်ရှိနေကြောင်းဖော်ပြနေကြောင်း အမှန်တစ်ကယ် သေဆုံးမှုမှာ စက်တင်ဘာလ ၁၃ ရက်နေ့အထိ ရုပ်အလောင်း (၃၀)ကျော် ရှိနေပြီး ပျောက်ဆုံးသူ (၈၀)ကျော်ရ သာရှိတယ်လို့လည်း ဆိုပါတယ်။

“ ချောင်းဖျားရွာမှာ ဒေသခံ ၁၀၀ ကျော် ပျောက်ဆုံးနေပါတယ် ပျောက်ဆုံးနေသူတွေ သေလား ရှင်သလားဆို တာ မသိရသေးပါဘူး သပြေပင်ရွာက ရုပ်အလောင်း ၃၀ ကျော် ရှာတွေ့ထားတယ် ၈၀ ကျော် ပျောက်ဆုံးနေ ဆဲဖြစ်တယ်လို့ “သပြေပင်ရွာခံ ကိုမျိုးအောင်က ပြောဆိုထားပါတယ်။

ရေကြီးမှုကြောင့် ကျေးရွာအတွင်းရှိအိမ်များ ရေစီးနဲ့မျောပါမှုတွေရှိနေပြီး ဒေသခံတွေမှာ ကုန်းမြင့်တွေပေါ်တွင် ရှောင်နေကြောင်း လက်ရှိတွင် ဒေသခံ ကိုမျိုးအောင်မှ ၎င်းပိုင်ထွန်စက်ဖြင့် လူများကယ်ဆယ် ရေးလုပ် ဆောင် နိုင်ရန် လမ်းရှင်းချင်းလုပ်ငန်းကို လုပ်ဆောင်နေတယ်လို့လလည်း သိရပါတယ်။

မြေပြင်ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေရဲ့ ကောက်ယူထားတဲ့စာရင်းတွေအရ ရမည်းသင်းမြို့နယ်အတွင်း ရေကြီးမှုကြောင့် သေဆုံးသူအရေအတွက်မှာ စက်တင်ဘာလ ၁၂ ရက်နေ့ ညပိုင်းအထိ ၂၃၀ ဦးအထိရှိနေ ကြောင်း လူမှုကွန်ရက်မှာ ဖော်ပြထားမှုအရသိရပါတယ်။

ဆက်လက်ပြီး အလောင်းတွေ တွေ့ရှိတာဟာ အဲ့ဒီ ကျေးရွာက ဒေသခံတွေ သေဆုံးတာလို့ ဆိုလိုတာ မဟုတ်ဘဲ ရေစီးနဲ့ မျောပါလာသူတွေလည်း ဖြစ်နိုင်တယ်လို့လည်း ပြောဆိုထားပါတယ်။

ပုံစာ – (သပြေပင်ရွာ ရေကြီးနေမှု)
Photo- Alice Honey facebook

ဆက်စပ် သတင်းများ

Most read