Homeပြည်တွင်းသတင်းရေဘေးကြောင့် ရမည်းသင်းတွင် ၁၀ဦး သေဆုံး၊ပြည်သူ ငါးသောင်းကျော်ရေဘေးသင့်နေဟု မီးသတ်ထုတ်ပြန်

ရေဘေးကြောင့် ရမည်းသင်းတွင် ၁၀ဦး သေဆုံး၊ပြည်သူ ငါးသောင်းကျော်ရေဘေးသင့်နေဟု မီးသတ်ထုတ်ပြန်

၁၁ စက်တင်ဘာ၊၂၀၂၄

ရေဘေးကြောင့် ရမည်းသင်းမြို့တစ်မြို့တည်းတွင် ၁၀ဦးသေဆုံးပြီး လူဦးရေငါးသောင်းကျော် ရေဘေးသင့် နေတယ်လို့ ရမည်းသင်းမြို့ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ၁၀ရက်မနက်ကစပြီး ဆိုးရွားတဲ့ရေဘေးကို ရှမ်းပြည်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်တို့မှ မြို့နယ်ပေါင်း ၄၀ ထက်မနည်း ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။

ပြည်နယ်နဲ့တိုင်းအနှံ့ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်နေပြီး မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်တို့မှာ အရေးပေါ်ကယ်ဆယ်ရေးတွေလုပ်ဆောင်နေရတယ်လို့လည်း သိရပါတယ်။

ရေဘေးကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေကို စစ်ကောင်စီကထုတ်ပြန်ခြင်းမရှိပေမယ့် မန္တလေးတိုင်းအတွင်း ရမည်းသင်းမြို့နယ်မှာ ရေကြီးရေလျှံမှုတွေကြောင့် ရပ်ကွက်နဲ့ ကျေးရွာတွေမှ လူ(၁၀)ဦး သေဆုံးသွားပြီး အမျိုးသား (၂၃,၉၉၅)ဦး နဲ့ အမျိုးသမီး (၂၉,၉၇၇)ဦး စုစုပေါင်း (၅၃,၉၇၂)ဦး၊ အိမ်ထောင် စု၁၅,၁၁၃စုရေဘေး သင့်ခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ရမည်းသင်းမြို့ မီးသတ်တပ်ဖွဲ့က (စက်တင်ဘာလ၁၂ရက်)နံနက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ပုံစာ -( ရေဘေးကယ်ဆယ်ရေး လုပ်နေပုံ )

Photo – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

ဆက်စပ် သတင်းများ

Most read