Homeပြည်တွင်းသတင်းရေတာရှည်မြို့နယ်က ရွာနှစ်ရွာကို စစ်ကောင်စီ ဒရုန်းသုံးပြီး ဗုံးကြဲတိုက်ခိုက် ၅ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိ

ရေတာရှည်မြို့နယ်က ရွာနှစ်ရွာကို စစ်ကောင်စီ ဒရုန်းသုံးပြီး ဗုံးကြဲတိုက်ခိုက် ၅ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိ

၁၀ စက်တင်ဘာ၊ ၂၀၂၄

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က ရွာ ၂ ရွာကို စက်တင်ဘာလ ၈ ရက်က စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ပြည်သူ ၁၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

စက်တင်ဘာလ ၈ ရက် နေ့လည် ၁၂ နာရီ ဝန်းကျင်မှာ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာ စာသင်ကျောင်း နဲ့ ရှားတောကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီက ဒရုန်းသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၃ ဦး နေရာမှာတင် သေဆုံးခဲ့ပြီး ပြည်သူ ၁၂ ဦးက ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒဏ်ရာရသူတွေထဲက ၄ ဦးဟာ ဒဏ်ရာပြင်းထန်ခဲ့ပြီး ဒီထဲက ၂ဦးဟာ ထပ်မံသေဆုံးသွားတာကြောင့် သေဆုံးသူအရေအတွက် ၅ ဦးဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေနဲ့ စာသင်ကျောင်းတွေကို မကြာခဏဆိုသလို တိုက်ခိုက်နေကြောင်းနဲ့ ဩဂုတ်လအတွင်း ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၂၀ ဦးသေဆုံးပြီး ၃၄ ဦး ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

ပုံစာ – ရေတာရှည် ကဲလင်းဆိပ်မြို့နယ် ဒရုန်းသုံး တိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း

Photo – CJ

ဆက်စပ် သတင်းများ

Most read