Homeပြည်တွင်းသတင်းရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကော်မရှင်တပ် ဗုံးကျဲ လို့ ပြည်သူ ၃ ဦးသေဆုံး

ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကော်မရှင်တပ် ဗုံးကျဲ လို့ ပြည်သူ ၃ ဦးသေဆုံး

၃၁ ဩဂုတ် ၂၀၂၅

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက ငတရော်ရွာကိုဩဂုတ် ၃၁ရက် မနက် ၁နာရီ ၁၅မိနစ်ကစစ်အုပ်စုက အကြောင်းမဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“ယနေ့ မွန်းလွဲပိုင်း 1:15 pm အချိန်တွင် ဘာတိုက်ပွဲမှမရှိ ဘာအကြောင်းမှ မရှိပဲ ရေလယ်ကျွန်းဒေသ ငတရော်ရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်မှုကြောင့် နေရာတွင်ပင် ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူများ များပြားကြောင်း စိုးရိမ်ရပြီး ဒဏ်ရာပြင်းထန်သူများလည်ပါရှိကြောင်း သိရှိရပါသည်။ ” လို့ Yesagyo Township Info Committee က ဖော်ပြပါတယ်။

ဒါအပြင် စစ်အုပ်စုဟာ ဂျက်ဖိုက်တာလေ ယာဉ်နဲ့လည်း ရေစကြိုနဲ့ မြင်းခြံအစပ် ကျေးရွာတွေကိုလည်း ဗုံးကြဲပြီး ပစ်ခတ်တိုက်ခတ်သွားတယ်လို့ ဆိုပါတယ်။

ဓါတ်ပုံ – Yesagyo Township Info Committee

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး