Homeပြည်တွင်းသတင်းရေစကြိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီစစ်ကြောင်းက မီးရှို့၊ လက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက် ကလေးတစ်ဦးအပါအဝင် ဒေသခံနှစ်ဦး ဒဏ်ရာရရှိ

ရေစကြိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီစစ်ကြောင်းက မီးရှို့၊ လက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက် ကလေးတစ်ဦးအပါအဝင် ဒေသခံနှစ်ဦး ဒဏ်ရာရရှိ

၂ ဒီဇင်ဘာ၊ ၂၀၂၄

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ကျေးရွာနှစ်ရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးရင်း လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လူနေအိမ်မီးရှို့တာတွေ လုပ်ခဲ့တဲ့အတွက် လူနေအိမ် ၃၃ လုံး မီးလောင်ပြာကျပြီး ကလေးတစ်ဦးနဲ့အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

ဒီဇင်ဘာ ၁ ရက်၊ မနက် ၅ နာရီဝန်းကျင်မှာ ကမ္ဘဲ့ကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်ပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် လူနေအိမ် ၃၃လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီက ဆိုပါတယ်။

မနက် ၇နာရီဝန်းကျင်မှာတော့ စစ်ကြောင်းဟာ သမန္တပို့တောကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် လူနေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး အသက် (၃၂)နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၆နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီစစ်ကြောင်းဟာ တိုက်ပွဲဖြစ်ပွားခြင်း၊ မိုင်းဆွဲခံရခြင်းမရှိဘဲ ဒေသခံကျေးရွာတွေကို အကြောင်းမဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီး ပစ်ခတ်သွားတာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောဆိုပါတယ်။

ပုံစာ – မီးရှို့ခံရတဲ့ကမ္ဘဲ့ကျေးရွာ နဲ့ လက်နက်ကြီးထိမှန်ခဲ့တဲ့ ပို့တောရွာက နေအိမ်

Photo – Yesagyo Township Info Committee

ဆက်စပ် သတင်းများ

Most read