Homeနိုင်ငံတကာသတင်းရေကြီးမှုဒဏ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံကို အိန္ဒိယနဲ့ကိုရီးယား ကူညီမယ်

ရေကြီးမှုဒဏ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံကို အိန္ဒိယနဲ့ကိုရီးယား ကူညီမယ်

စက်တင်ဘာ(၁၇)၊၂၀၂၄

ရာဂီမုန်တိုင်းကြောင့် ရေကြီးမှုဒဏ်ခံခဲ့ရပြီး အသက်အိုး အိမ်ဆုံးရှုံးမှုတွေဖြစ်ခဲ့ရတဲ့ မြန်မာနိုင်ငံကို အိန္ဒိယနဲ့ကိုရီးယားမှ ကူညီမယ်လို့ စက်တင်ဘာလလယ်ကကြေညာခဲ့ပါတယ်။

အိန္ဒိယနိုင်ငံက မြန်မာကို ဗီယက်နမ်နဲ့ လာအိုတို့အတိုင်းပဲကူညီမှာဖြစ်ပြီး ကူညီမယ့်ပစ္စည်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၈၃သန်းကျော်ဖိုးရှိပြီး ကိုးရီးယားနိုင်ငံကလည်း အမေရိကန်ဒေါ်လာ ၁၃ သန်း ထောက်ပံ့ကူညီသွားမှာလို့ သိရပါတယ်။

အိန္ဒိယက မြန်မာကို ထောက်ပံ့လှူဒါန်းမယ့် ပစ္စည်းတွေဖြစ်တဲ့ မွေ့ယာ၊ သောက်ရေ၊ စားနပ်ရိက္ခာနဲ့ဆေး ဝါးတွေဟာ စစ်သင်္ဘောပေါ်ကို ရောက်နေပြီဖြစ်ကာ ကိုရီးယား ကလည်း မြန်မာနိုင်ငံကို နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေဖြစ်ကြတဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၊ ကုလ သမဂ္ဂ ကလေးငယ်များရံပုံငွေအဖွဲ့ (UNICEF) ၊ ကုလ သမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးရုံး (UNHCR) စတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကတဆင့် ထောက်ပံ့ပေးသွားမှာလို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read