Homeပြည်တွင်းသတင်းရေကူးပြိုင်ရာကနေ ရေနစ်ပြီးပျောက်ဆုံးနေတဲ့ အမျိုးသား ၄ ဦး ၆ ရက်ကြာ ရှာဖွေမတွေ့တာကြောင့် ရှာဖွေကယ်ဆယ်ရေးရပ်ဆိုင်း

ရေကူးပြိုင်ရာကနေ ရေနစ်ပြီးပျောက်ဆုံးနေတဲ့ အမျိုးသား ၄ ဦး ၆ ရက်ကြာ ရှာဖွေမတွေ့တာကြောင့် ရှာဖွေကယ်ဆယ်ရေးရပ်ဆိုင်း

၂၃ နိုဝင်ဘာ ၂၀၂၅

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ ရေကူးပြိုင်ရာကနေ အမျိုးသား ၄ ဦး ရေနစ်ပျောက်ဆုံးခဲ့ပြီး ၆ ရက်ကြာတဲ့အထိ ရှာ ဖွေမတွေ့ရှိတာကြောင့် ရှာ‌ဖွေကယ်ဆယ်ရေးလုပ်‌ဆောင်တာကို ရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို့ မြဝတီဒေသခံတွေဆီက သိရပါတယ်။

ပျောက်ဆုံးနေတဲ့ အမျိုးသား ၄ ဦးဟာ နိုဝင်ဘာ ၁၇ ရက်က အရက်သောက်စားပြီး မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ချောင်းဆုံတံတားအနီးတွင် ရေကူးပြိုင်ရာကနေ တဦးရေနစ်ရာကို ကူညီကယ်ဆယ်ရင်း ၄ ဦးစလုံးပျောက်ဆုံးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

“ကယ်ဆယ်ရေးကတော့ ရပ်လိုက်ပါပြီ၊ ချောင်းထဲမှာက သဲကျင်းတွေရှိတယ် ရေစီးနဲ့ သံကျင်းထဲကျရင်တော့ရှာဖို့ မလွယ်တော့ဘူး”လို့ ရှာဖွေကယ်ဆယ်ရာမှာ ပါဝင်သူတဉီးက New Day Myanmar ကိုပြောပါတယ်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုဖြစ်စဉ်ဖြစ်ပွားတဲ့ နိုဝင်ဘာ ၁၇ ရက်နေ့ကနေ နိုဝင်ဘာ ၂၂ ရက်နေ့အထိ နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်ခဲ့ပေမယ့် လုံးဝမတွေ့ရှိတာကြောင့် ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- CJ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး