Homeအထူးသတင်းရုရှား-ယူကရိန်း ငြိမ်းချမ်းရေးအတွက် ဒေါ်နယ်လ်ထရမ့်က ယူကရိန်းအပါအဝင် ဥရောပခေါင်းဆောင်တွေနဲ့ တွေ့ဆုံ

ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးအတွက် ဒေါ်နယ်လ်ထရမ့်က ယူကရိန်းအပါအဝင် ဥရောပခေါင်းဆောင်တွေနဲ့ တွေ့ဆုံ

၁၉ ဩဂုတ် ၂၀၂၅

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီက အိမ်ဖြူတော်မှာ ရုရှား-ယူကရိန်း အပစ်အခတ်ရပ်ဆဲပြီး ငြိမ်းချမ်းရေးအတွက် သမ္မတ ဒေါ်နယ်လ်ထရမ့်က ယူကရိန်းနဲ့ ဥရောပမဟာမိတ်နိုင်ငံတွေကခေါင်းဆောင်တွေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

တွေ့ဆုံဆွေးနွေးရာကို ယူကရိန်းသမ္မတဗိုလိုဒီမီယာ ဇလန်းစကီးနဲ့ဥရောပမဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်ဝန်ကြီးချုပ် ဆာကီရာ စတာမာ၊ ဂျာမန် အဓိပတိ ဖရိုင်းဒရစ်ချ်မားဇ်၊ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်၊ အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ၊ ဖင်လန် သမ္မတ အလက်ဇန္ဒားစတက်ဘ်၊ ဥရောပ ကော်မရှင်အကြီးအကဲ အာဆူလာ ဗွန်ဒါလီယန်၊ NATO မဟာမိတ်အဖွဲ့အတွင်းရေးမှူးချုပ် မတ်ခ်ရူတေးတို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ယူကရိန်းနဲ့ဥရောပမဟာမိတ်နိုင်ငံတွေရဲ့ခေါင်းဆောင်တွေက ယူကရိန်းနိုင်ငံအတွက် လုံခြုံရေးဆိုင်ရာအာမခံချက်တခု ရယူလိုနေပြီး ရုရှားဘက်ကတော့ ယူကရိန်းကို နေတိုးစစ်မဟာမိတ် အဖွဲ့ဝင်ဖြစ်ခွင့် ပေးဖို့လက်မခံခဲ့ဘူးလို့ သိရပါတယ်။

တွေ့ဆုံဆွေးနွေးပွဲဟာ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ထွက်ရှိခဲ့ပြီးနောက်လာမယ့်နှစ်ပတ်အတွင်းမှာရုရှားသမ္မတပူတင်နဲ့ယူကရိန်းသမ္မတဇလန်းစကီးတို့ကို တွေ့ဆုံဆွေးနွေးဖို့ အမေရိကန်သမ္မတထရမ့်က မျှော်လင့်ထားတယ်လို့လည်း သိရပါတယ်။

အမေရိကန်သမ္မတထရမ့်ဟာ ရုရှားနဲ့ယူကရိန်းအ ကြားစစ်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေးရထို့အတွက် ပြီးခဲ့တဲ့သြဂုတ်လ ၁၅ ရက်က ရုရှားသမ္မတပူတင်နဲ့ အမေရိကန်နိုင်ငံအလာစကာပြည်နယ်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Photo- Reuters/AP

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး