၆ မတ်၊ ၂၀၂၅
ရုရှားနဲ့ မြန်မာ ဆက်ဆံရေး အခြေအနေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်စေရုံ သာမက ဒေသတွင်းကို ခြိမ်းခြောက်နေတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) က မတ်လ ၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်ဟာ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်စေတာ ဖြစ်တဲ့ အတွက် မြန်မာစစ်တပ် တာဝန်ယူမှု၊ တာဝန်ခံမှုအပေါ် နိုင်ငံတကာက ဆောင်ရွက်နေတာကို အားနည်းစေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရုရှားရဲ့ စစ်လက်နက်ထောက်ပံ့မှုတွေကြောင့် စစ်တပ်အာဏာသိမ်းပြီး ကတည်းက အရပ်သားတွေကို သတ်ဖြတ်မှုနဲ့ ဖမ်းဆီးမှုတွေ ကို လုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
“စစ်တပ်က အရပ်သားတွေကို ဖမ်းဆီး၊ အကြမ်းဖက်တာတွေဟာ ရုရှားကထောက်ပံ့တဲ့ နည်းပညာနဲ့ လက်နက်တွေကြောင့်ဖြစ်တယ်လို့။”အင်ဒိုနီးရှားလွှတ်တော် အမတ်လည်းဖြစ် APHR ရဲ့ ဥက္ကဌလည်းဖြစ်တဲ့ Mercy Chriesty Barends ကပြောပါတယ်။
စစ်ကောင်စီကို လက်နက်ထောက်ပံ့တာတွေနဲ့ တရားဝင်အစိုးရ အဖြစ် ပုံဖော်မှုတွေကို လက်မခံ ဖို့လည်း နိုင်ငံတကာကို APHR က တောင်းဆိုထားပါတယ်။