ရုရှားနိုင်ငံ မော်စကိုပြည်နယ် ကိုလိုမ်နာမြို့ အနီးတွင် Yak စီးရီးအပေါ့စားလေယာဉ်တစ်စင်း ဒေသစံတော်ချိန် ဇွန်လ ၂၈ ရက်နေ့က ပျက်ကျခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ China Media Group သတင်းမှာ ဖော်ပြ လာမှု အရ သိရပါတယ်။
သတင်းမှာဖော်ပြထားတဲ့ ပဏာမအချက်အလက်တွေအရ လေယာဉ်ပျက်ကျမှုကြောင့် လူ ၄ ဦး သေဆုံးခဲ့ ကြောင်း နဲ့ ဖြစ်ပွားရတဲ့ အကြောင်းရင်းမှာ အင်ဂျင်ချို့ယွင်းမှုနဲ့ သက်ဆိုင်တဲ့ပြဿနာကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ – China Media Group


