Homeအထူးသတင်းရုရှားနဲ့ သဘောတူညီချက်ရယူပြီး စစ်ပွဲအဆုံးသတ်ဖို့ ယူကရိန်းသမ္မတကို ထရမ့် အကြံပြုတိုက်တွန်း

ရုရှားနဲ့ သဘောတူညီချက်ရယူပြီး စစ်ပွဲအဆုံးသတ်ဖို့ ယူကရိန်းသမ္မတကို ထရမ့် အကြံပြုတိုက်တွန်း

၁၆ ဩဂုတ် ၂၀၂၅

ရုရှားနဲ့ သဘောတူညီချက်ရယူပြီး စစ်ပွဲကို အဆုံးသတ်ဖို့ ယူကရိန်းသမ္မတကို ထရမ့်ကအကြံ ပြုတိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

အလာစကာပြည်နယ်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ သုံးနာရီနီးပါးကြာ ထိပ်သီးအစည်းအဝေးအပြီး Fox News မီဒီယာကို ထရမ့်က အဲဒီကို သဘောထားမှတ်ချက် ပြောကြားခဲ့တာဖြစ်ပါတယ်။

ရုရှားနဲ့ ယူကရိန်းစစ်ပွဲတွေရပ်ဆဲဖို့ဟာ ယူကရိန်းသမ္မတဇာလန်းစကီးအပေါ်မှာမူတည်နေတယ်လို့ ထရမ့်က မှတ်ချက်ပြုပြောခဲ့ပါသေးတယ်။

“အခုဆိုရင် သမ္မတဇာလန်းစကီးအပေါ်မှာပဲ မူတည်နေပြီ။ ဥရောပနိုင်ငံတွေလည်း နည်းနည်းပါဝင်ရမယ်လို့ ကျနော်ပြောချင်ပါတယ်။ ဒါပေမဲ့ အဓိကက တော့ သမ္မတ ဇာလန်းစကီးပါပဲ။ သူတို့ လိုလားရင်တော့ နောက်အစည်းအဝေးမှာ ကျနော်ပါ တက်မှာ” လို့ ပူတင်ကပြောခဲ့ပါတယ်။

ဒါအပြင် ဇာလန်းစကီးနဲ့ ပူတင်တို့ဟာ အပစ်အခတ်ရပ်စဲရေးရဖို့ အစည်းအဝေးတခု စီစဉ်ရတော့မယ်လို့လည်း ထရမ့်က ဆက်လက်ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ-Fox News

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး