ရုရှားနဲ့ယူကရိန်းကြားက စစ်ပွဲကို အဆုံးသတ်မယ့်ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခုကို ယူကရိန်းဘက်က လက်ခံသဘောတူညီခဲ့တယ်လို့ နိုဝင်ဘာ၂၅ ရက် Fox News မှာ ဖော်ပြထားပါတယ်။
ယူကရိန်းအနေနဲ့ စစ်ပွဲရပ်ဖို့အတွက် သဘောတူညီချက်ကို လက်ခံခဲ့ပေမယ့် အသေးစိတ်အချက် အ လက်များကို ရုရှားဘက်နဲ့တွေ့ဆုံပြီး ဆက်လက်ဆွေးနွေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။
ရုရှားက ကိယက်ဗ်မြို့ကိုတိုက်ခိုက်ခဲ့ရာမှာအနည်း ဆုံး လူ ၆ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ်ဖြစ်ပွားပြီးနောက်ပိုင်းမှာ ယူကရိန်းအနေနဲ့ စစ်ပွဲရပ်ဖို့သဘောတူညီချက် ထွက်ပေါ်လာခဲ့တာလို့ သိရပါတယ်။
အမေရိကန်သမ္မတထရမ့်ဟာ ရုရှားနဲ့ယူကရိန်ကြား မှာ ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့အတွက် ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်မယ့် အချက် ၂၈ ချက်ပါတဲ့ အစီအစဥ်တစ်ခုကို အမေရိကန်အစိုး ရအဖွဲ့က တာဝန်ရှိသူတွေကို ညွှန်ကြားထားပြီး ရုရှားသမ္မတပူတင်နဲ့ယူကရိန်းသမ္မတဇယ်လင်စကီးတို့ကိုတွေ့ဆုံဆွေးနွေးဖို့အတွက် စီစဥ်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။


