၂၀ နိုဝင်ဘာ၊ ၂၀၂၄
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ ရုရှားနိုင်ငံကို တာဝေးပစ်ဒုံးကျည်နဲ့ပစ်ခတ်ဖို့ ခွင့်ပြုချက်ပေးခဲ့တာကြောင့် နို ဝင်ဘာလ၁၉ရက်နေ့မှာ ယူကရိန်းက ရုရှားနိုင်ငံအတွင်းကို အမေရိကန်လုပ် တာဝေးပစ်ဒုံးကျည်နဲ့စတင် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရုရှားကာကွယ် ရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့တယ်လို့ နိုင်ငံတကာသတင်းတရပ်မှာ ဖော်ပြထားပါတယ်။
ယူကရိန်းဟာ ရုရှားနိုင်ငံအနောက်ဘက် Bryansk ဒေ သက လက်နက်ခဲယမ်းသိုလှောင်စက်ရုံတစ်ရုံကို အမေရိ ကန်လုပ် တာဝေးပစ်ဒုံးကျည် (၆)စင်းနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တာဖြစ်ပြီး တာဝေးပစ်ဒုံးကျည် (၅)စင်းကို ရုရှားရဲ့လေကြောင်းအရန်ကာကွယ်ရေးစနစ် ကြားဖြတ်ဟန့်တားနိုင်ခဲ့ပေမယ့် တာဝေးပစ်ဒုံးကျည် (၁)စင်းဟာ လက် နက်ခဲယမ်းသိုလှောင်စက်ရုံပေါ်ကို အပိုင်းအစအချို့ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မီးလောင်မှုဖြစ်ပွားခဲ့တာကို ရုရှားဘက်က မီးဖို အမြန်ငြှိမ်းသတ်နိုင်ခဲ့တယ်လို့သိရပါတယ်။
လက်နက်ခဲယမ်းသိုလှောင်စက်ရုံပေါ်ကို ယူကရိန်းပစ်လိုက်တဲ့ တာဝေးပစ်ဒုံးကျည်ကျရောက် ပေါက်ကွဲမှုမှာ လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့ဘူးလို့ ရုရှားဘက်ကပြောကြားထားပါတယ်။
အမေရိကန်သမ္မတ တာဝန်ကနေ မကြာမီအနားယူတော့မယ့် သမ္မတဂျိုးဘိုင်ဒင်ရဲ့ ရုရှားနိုင်ငံကို တာဝေးပစ်ဒုံး ကျည်နဲ့ပစ်ခတ်ဖို့ ခွင့်ပြုချက်ပေးခဲ့တဲ့အပေါ်ကို နိုင်ငံတ ကာစစ်ရေးလေ့လာသုံးသပ်သူများက ဝေဖန်မှုမြင့်တက် နေပြီး ရုရှားဘက်ကလည်း ယူကရိန်းအနေနဲ့ တာဝေးပစ်လက်နက်များအသုံးပြုပြီး ရုရှားဘက်ကို တိုက်ခိုက်လာပါက ရုရှားအနေနဲ့ နျူ ကလီးယားလက်နက်အသုံးပြုပြီး တိုက်ခိုက်ဖို့အထိ စဥ်းစားထားတယ်လို့လည်း သိရပါတယ်။