Homeပြည်တွင်းသတင်းရိုဟင်ဂျာတွေရဲ့အသက်ကို ဦးစားပေးဖို့ ဒေသတွင်းနိုင်ငံတွေကို UNHCR တိုက်တွန်း

ရိုဟင်ဂျာတွေရဲ့အသက်ကို ဦးစားပေးဖို့ ဒေသတွင်းနိုင်ငံတွေကို UNHCR တိုက်တွန်း

၉ ဇန်နဝါရီ၊ ၂၀၂၅

မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည် ရာပေါင်းများစွာဟာ နှစ်သစ်ကူးပထမငါးရက်အတွင်းမှာ ဒေသတွင်းနိုင်ငံတွေဆီ ခိုလှုံဖို့ ရောက်ရှိလာတဲ့အတွက် သူတို့ရဲ့ ဘေးကင်းမှုနဲ့ အသက်ကို ဦးစားပေးဖို့ မြန်မာ့အိမ်နီးချင်း ဒေသတွင်းနိုင်ငံ‌တွေကို UNHCR က ဇန်နဝါရီ ၈ ရက်မှာ တိုက်တွန်းပြောဆိုပါတယ်။

ပင်လယ်ပြင်မှာ ရက်သတ္တပေါင်းများစွာ မျောပါပြီးနောက်မှာ မလေးရှားနိုင်ငံမှာ ဇန်နဝါရီ ၃ ရက်က ရောက်ရှိလာတဲ့ ၁၉၆ ဦးအပါအဝင်၊ ဒေသတွင်းနိုင်ငံတွေမှာ အမျိုးသားအမျိုးသမီးကလေးငယ် ၄၆၀ ဦး ရောက်ရှိလာပါတယ်။ ခရီးစဉ်မှာ ၁၀ဦးသေဆုံးခဲ့ပါတယ်။

ဇန်နဝါရီလ ၄ ရက်က မလေးရှားနိုင်ငံကို နောက်ထပ် လှေနှစ်စီးနဲ့ရောက်ရှိလာတဲ့ ရိုဟင်ဂျာ ၃၀၀ ဝန်းကျင်ကိုလည်း မလေးရေကြောင်းအာဏာပိုင်တွေက အစားအစာနဲ့ရေပေးပြီး မလေးရေပိုင်နက်ထဲက နှင်ထုတ်ခဲ့တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၃ပတ်ကလည်း ရိုဟင်ဂျာ ၁၁၅ ဦး ဟာ သီရိလင်္ကာကို ရောက်ရှိလာပြီး လမ်းခရီးမှာ ၆ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရိုဟင်ဂျာတွေရဲ့ အသက်ကို ကယ်တင်ရေးဟာ ပထမဦးစားပေး ဖြစ်သင့်တယ်လို့ UNHCR ရဲ့ အာရှ ပစိဖိတ်ဒေသဆိုင်ရာဗျူရို ညွှန်ကြားရေးမှူး Hai Kyung Jun က ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုပါတယ်။

မနှစ်က လူထောင်ပေါင်းများစွာဟာ မိုးရာသီလို ဆိုးရွားတဲ့ရာသီဥတုထဲမှာ နတ်မြစ်ကို ဖြတ်ဖို့ ကြိုးစားပြီး အသက်အန္တရာယ်ထိခိုက်ခဲ့တယ်လို့ UNHCR က ဆိုပါတယ်။ မြန်မာနိုင်ငံက ထွက်လာတဲ့ ရိုဟင်ဂျာတွေလည်းရှိသလို ဘင်္ဂလားဒေ့ရှ်စခန်းတွေက ထွက်ခွာလာသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အခြေအနေတွေ ဆက်ပြီးဆိုးရွားနေတာကြောင့် လာမယ့်လတွေမှာ ထွက်ပြေးတဲ့သူတွေ ရှိနေဦးမယ်လို့ မျှော်လင့်ထားရမှာဖြစ်ပြီး ဖြေရှင်းဖို့အတွက် အရေးပါတဲ့အချက်တစ်ချက်မှာ ပုံမှန်မဟုတ်တဲ့ ရေကြောင်းသွားလာလှုပ်ရှားမှုများကို ဖြေရှင်းနိုင်ဖို့ဖြစ်တယ်လို့ UNHCR ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

(Ref: UNHCR)

ပုံစာ – ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံ ဘန်ဒါအာချေးပြည်နယ်မှာ ခိုလှုံခွင့်ရဖို့ ကြိုးစားနေတဲ့ ရိုဟင်ဂျာဒုက္ခသည်များ

ဓာတ်ပုံ – UNHCR

ဆက်စပ် သတင်းများ

Most read