၂၇ ဖေဖော်ဝါရီ ၊ ၂၀၂၅
ရိုဟင်ဂျာတွေ နေရပ်ကို အဆင်ပြေပြေပြန်နိုင်ရေးနဲ့ မြန်မာ့အကျပ်အတည်းကို နိုင်ငံရေးအရ ဖြေရှင်းဖို့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံသွားမယ်လို့ ကုလသမဂ္ဂထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်က ပြောဆိုကြောင်း ဖေဖော်ဝါရီ ၂၇ ရက်က Financial Express သတင်းဌာနမှာဖော်ပြပါတယ်။
ဘင်္ဂလာဒေ့ရှ်ရောက် ရိုဟင်ဂျာတွေအရေး အကြပ်အတည်းတွေနဲ့ မြန်မာ့အရေးဖြေရှင်းဖို့ အတွက် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ဒေသတွင်း တာဝန်ရှိသူတွေ၊ အာဆီယံနဲ့ အခြားသော သက်ဆိုင်သူတွေနဲ့ အနီးကပ်လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပါတယ်။
ရခိုင်ပြည်နယ်အပါအဝင် မြန်မာတနိုင်ငံလုံးကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို မြန်မာနိုင်ငံက ကုလအေဂျင်စီတွေကနေတဆင့် ဦးစားပေးဆောင်ရွက်သွားမယ်လို့ သူကပြောပါတယ်။
ကုလသမဂ္ဂထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်ဟာ မတ်လ ၁၃ ကနေ ၁၆ အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသွားရောက်ဖို့ ရှိနေပြီး ကော့ဘဇားက ဒုက္ခသည်စခန်းတွေကိုလည်းသွားဖို့ ရှိနေပါတယ်။