Homeနိုင်ငံတကာသတင်းရိုဟင်ဂျာတွေကို ဆက်လက်စောင့်ရှောက်သွားဖို့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့ခေါင်းဆောင် ကတိပေးမှုကို UNHCR ထောက်ခံ

ရိုဟင်ဂျာတွေကို ဆက်လက်စောင့်ရှောက်သွားဖို့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့ခေါင်းဆောင် ကတိပေးမှုကို UNHCR ထောက်ခံ

၂၆ ဩဂုတ်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းကို ဆက်ပြီး ကူညီ စောင့်ရှောက်သွားဖို့ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရအဖွဲ့ခေါင်းဆောင် မိုဟာမက်ယူနွတ်စ်ရဲ့ ကတိပေးမှုကို ထောက်ခံ ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ထုတ်ပြန်ကြေညာပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၅ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ရိုဟင်ဂျာတွေ ဝင်ရောက်ခိုလှုံတာ ၇ နှစ် ပြည့်သွားပြီပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာအရပ်သားတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ခိုလှုံခွင့်နဲ့ အကာအကွယ် အသေအချာရရှိစေဖို့ကိုလည်း ဘင်္ဂလားဒေ့ရှ်ရဲ့ ရိုဟင်ဂျာအရေးဆောင်ရွက်တဲ့ အဖွဲ့တွေက တောင်းဆိုထားပါတယ်။

ဒီအဖွဲ့တွေက ၂၀၂၄ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရိုဟင်ဂျာ ၁ ဒသမ ၃၅ သန်းအတွက် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၈၅၂ သန်းကို တောင်းဆိုထားပါတယ်။

ကြားဖြတ်အစိုးရခေါင်းဆောင် ယူနွတ်စ်ဟာ ရိုဟင်ဂျာတွေကို ဆက်ပြီး ကူညီစောင့်ရှောက်မယ်လို့ ကတိပေးထားပေမဲ့ နိုင်ငံတကာက ရိုဟင်ဂျာတွေပေါ် တညီတညွတ်တည်း ထောက်ပံ့ပြီး လူ့အခွင့် အရေးအပြည့်အဝနဲ့ နေရပ်မြန်မာနိုင်ငံပြန်နိုင်အောင် ကူညီဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ရိုဟင်ဂျာမျိုးတုန်းသတ်ဖြတ်မှု ၇ နှစ်မြောက်နှစ်ပတ်လည်မှာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကန်က ရိုဟင်ဂျာအပါအဝင် မြန်မာနိုင်ငံသားတိုင်းရင်းသားအားလုံးကို ဆက်ပြီး အကူအညီပေးသွားမယ်လို့ ထုတ်ဖော်ပြောကြားသွားပါတယ်။

ပုံစာ- (ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝင်ရောက်ခိုလှုံနေတဲ့ ရိုဟင်ဂျာလူမျိုးများ )
Photo- Anadolu Ajansı

ဆက်စပ် သတင်းများ

Most read