၂၉ အောက်ုတိဘာ၊ ၂၀၂၄
ရာဂီမုန်တိုင်းအရှိန်ကြောင့် ကရင်နီဒေသတွင်း ထိခိုက်ပျက်စီးမှုတွေ ထိခိုက်ပျက်စီးမှုတွေအတွက် IEC က အရပ်ဘက်အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းပြီး ထောက်ပံ့ကူညီမှုတွေ ဆောင်ရွက်ပေးခဲ့ပေမယ့် လိုအပ်ချက်တွေ ကြီးမားနေဆဲဖြစ်တာကြောင့် ပြန်လည် ထူထောင်ရေးအကူအညီတွေပေးကြဖို့ ကရင်နီပြည် ကြားကာလအုပ် ချုပ် ရေးကောင်စီ (IEC) က အောက်တိုဘာ ၂၈ ရက် နေ့က ဖိတ်ခေါ်ထားပါတယ်။
စစ်ဘေးနဲ့ သဘာ၀ဘေးသင့်ပြည်သူတစ်သိန်းခွဲအတွက် စားနပ်ရိက္ခာ၊ သဘာဝဘေးသင့် အိမ်ထောင်စု နှစ်ထောင်နီးပါးအတွက် ပြန်လည်ထူထောင်ရေးနဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေတယ်လို့ IEC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရေလွှမ်းမိုးမှုကြောင့် ပျက်စီးသွားတဲ့ စိုက်ပျိုးမြေ ဧက တစ်သောင်းကျော် ပြန်ပြုပြင်ဖို့အတွက် လိုအပ်ချက်တွေ လည်း ရှိနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီကလည်း စစ်ဘေးနဲ့ သဘာဝဘေးသင့်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ထိန်းချုပ်ကန့်သတ်တာတွေ ရှိနေတယ်လို့ IEC က ပြောပါတယ်။
ကရင်နီဒေသမှာ စက်တင်ဘာလ ၉ ရက်နေ့ကစပြီး ဖယ်ခုံ၊ လွိုင်ကော်၊ နန်းမယ်ခုံ၊ ဒီးဘောင်းခူ၊ ဒီးမောဆို၊ ဟိုယာ၊ ဘော်လခဲ၊ မော်ချီး၊ ရှားတောနဲ့ မယ်စဲ့ စတဲ့နေရာတွေမှာ ရေကြီးရေလျှံတာနဲ့ မြေပြိုတာတွေကြောင့် စစ်ဘေးဒုက္ခသည်စခန်း ၁၆ ခုနဲ့ ကျေးရွာ ၅၄ ရွာက ဒေသခံတွေ ရေဘေးသင့်ခဲ့တာ ဖြစ်ပါတယ်။
Photo – IEC