Homeပြည်တွင်းသတင်းရာဂီမုန်တိုင်းသင့်ဒေသများအတွက် ရုရှားက အကူအညီပေးကြောင်း စစ်ကောင်စီ ထုတ်ပြန်

ရာဂီမုန်တိုင်းသင့်ဒေသများအတွက် ရုရှားက အကူအညီပေးကြောင်း စစ်ကောင်စီ ထုတ်ပြန်

၂၅ နိုဝင်ဘာ၊ ၂၀၂၄

စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့ ရာဂီမုန်တိုင်းကြောင့် ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားခဲ့တဲ့နေရာတွေကို ပြန်လည်ထူထောင်ရေးအတွက် ရုရှားနိုင်ငံက လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို စစ်ကောင်စီကို ပေးပို့ခဲ့တယ်လို့ နိုဝင်ဘာ ၂၄ ရက်က စစ်ကောင်စီလက်အောက်ခံ ဝါဒဖြန့်သတင်းဌာနတွေက ထုတ်ပြန်ပါတယ်။

ရုရှားနိုင်ငံက ဝန်ကြီးဌာနတွေနဲ့ ကုမ္ပဏီတွေက လှူဒါန်းပေးပို့တဲ့ အကူအညီပစ္စည်းတွေဟာ တန်ချိန် ၃၅ တန် ပါဝင်ပြီး ရေဘေးသင့်ဒေသတွေကို အမြန်ဆုံးခွဲဝေပို့ဆောင်သွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဒီပစ္စည်းတွေကို ရုရှားနိုင်ငံ၊ နျူကလီးယားစွမ်းအင်ကော်ပိုရေးရှင်း (Rosatom)၊ ရုရှားနိုင်ငံ စက်မှုနဲ့ ကုန်သွယ် ရေးဝန်ကြီးဌာန၊ အရေးပေါ်အခြေအနေနဲ့ သဘာဝ ဘေးအန္တရာယ် သက်ရောက်မှုများ တိုက်ဖျက်ရေးဆိုင်ရာဝန် ကြီးဌာန နဲ့ Aquarius ကုမ္ပဏီအုပ်စုတို့က ပေးပို့လှူဒါန်းတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရာဂီမုန်တိုင်းကြောင့် သေဆုံးသူ ၄၄၄ ဦးရှိကြောင်း စစ်ကောင်စီက တရားဝင် ထုတ်ပြောထားပါတယ်။ လုံးဝပျက်စီးသွားတဲ့ လူနေအိမ်ပေါင်း ၁၉၁၅ လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးတဲ့အိမ်က ၂၀၁ လုံး၊ ရေဝင်ခဲ့တဲ့ အိမ်ပေါင်း တစ်သိန်းခြောက်သောင်းနီးပါး ရှိခဲ့တယ်လို့ ဆိုပါတယ်။

စိုက်ပျိုးဧရိယာ ၉ သိန်းကျော် ပျက်စီးခဲ့တယ်လို့လည်း စစ်ကောင်စီက ဆိုပါတယ်။ ဒီစာရင်းဇယားတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေရာက ထိခိုက်ပျက်စီးမှုတွေကို ထည့်တွက်ထားခြင်းရှိမရှိကို စစ်ကောင်စီက ပြောဆိုခြင်းမရှိပါဘူး။

Photo – စစ်ကောင်စီ

ဆက်စပ် သတင်းများ

Most read