၁၈ ဇန်နဝါရီ ၊ ၂၀၂၅
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသ လွယ်ဟောင်ရွာကို စစ်ကောင်စီတပ်က လေ ကြောင်းနဲ့ ဗုံးကြဲလို့ ဒေသခံ ၃ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဓနုတပ်တော်- DPLA က ဇန်နဝါရီ ၁၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
စစ်တပ် လွယ်ဟောင်ရွာကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက် တစ်ရက်အတွင်း Y12 လေယာဥ်နဲ့ ဗုံးအလုံးရေ ၅၀ ကျော် ကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦး သေဆုံးပြီး ကလေး ၁ ဦးအပါအဝင် ဒေသခံ ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဒဏ်ရာရတဲ့ ဒေသခံတွေကို DPLA တပ်က ဆေးကုသပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်မှာလည်း စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် ကျောက်ဂူက အရပ်သားတစ်ဦး ဒဏ်ရာ ရခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်ကလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ကျောက်ဂူဒေသရှိ နေအိမ် ၂ လုံး ပျ်စီးခဲ့တယ်လို့ သိရပါတယ်။
Photo – DPLA