ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ၃၂လမ်းမှာရှိတဲ့ Beauty Land Hotel မှာ အသက် (၂၃)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို အပိုင်းပိုင်း ခုတ်သတ်ဖြတ်သတ်ခဲ့သူနဲ့ ပူးပေါင်းပါဝင်သူကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ပော်မရှင်သတက်းပြန်ပြားရေးက ဒီကနေ့ အောက်တိုဘာ ၈ ရက်ညနေပိုင်းမှာ ဓာတ်ပုံနဲ့တကွသတင်းထုတ်ပြန်လာပါတယ်။
စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရဖြစ်စဥ်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စုံစမ်း ဖော်ထုတ်ခဲ့ရာမှာ သေဆုံးသူအမျိုးသမီးငယ်ဟာ ပဲခူးတိုင်းဒေသကြီး၊ နတ်တ လင်းမြို့နယ်က မစုမြတ်ဝင်း (၂၃)နှစ်ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါအပြင် ပြစ်မှုကျူးလွန်သူ ၂ဦးဟာ သာကေတမြို့နယ်၊ အမှတ်(၇)အရှေ့ ရပ်ကွက်နေ အောင်ခန့်ကျော်ဇင်(၁၈)နှစ်နဲ့ သူရဲ့ရည်းစားဖြစ်သူ ဗဟန်းမြို့နယ်၊ အရှေ့ရွှေဂုံတိုင်ရပ်ကွက်၊ အောင်ချမ်း သာအိမ်ရာမှာနေတဲ့ အေမွန်အောင် (၁၈) နှစ်တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ကျူးလွန်သူ၂ ဦးကို ယမန်နေ့ အောက် တိုဘာ အောက်တိုဘာလ ၇ ရက်နေ့ နေ့လည်ပိုင်းမှာ သူတို့နေထိုင်တဲ့ နေအိမ်အသီးသီးကနေဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
ဖြစ်စဉ်ဟာ လွန်ခဲ့တဲ့ရက်အောက်တို ဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့ နယ်၊ အမှတ်(၁၁)ရပ်ကွက်မှာရှိတဲ့ 32nd Beauty Land Hotel ၊ ၅ လွှာ၊ အခန်းအမှတ် ၅၀၂ ပြတင်းပေါက်အပြင်ဘက် Air Con Outdoor နှစ်ခုကြားမှာရှိတဲ့အ မှိုက်အိတ်အတွင်း သေဆုံးနေတဲ့ အမျိုး သ မီးတစ်ဦးတွေ့ရှိလို့ ရဲတပ်ဖွဲ့ဝင်တွေကသွားရောက်စစ်ဆေးခဲ့ရာကနေဝမ်းတွင်းကလီစာနဲ့ ဝဲဘက်ပေါင် အသားလှီးဖြတ်ထုတ်ယူခံထားရပြီး အသတ်ခံရတဲ့အမျိုး သမီးငယ်အလောင်းကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
ပြစ်မှုကျူးလွန်ရာမှာ အဓိက လုပ်ဆောင်တဲ့ အောင်ခန့်ကျော်ဇင်ထွက်ဆိုချက်မှာတော့ သူဟာ ဂိမ်းအလွန်အကျွံကစားကာ လူသတ်အလောင်းဖျောက်တဲ့ နိုင်ငံခြားဇာတ်လမ်းတွဲတွေကို အလွန်အကျွံကြည့် ရှုလေ့ရှိကြောင်း၊ အောက်တိုဘာလ ၅ ရက်နေ့မှာ LEADER အမည်နဲ့ Telegram Channel ကနေတစ်ဆင့် မစုမြတ်ဝင်းကို ပျော်ပါးဖို့ အခကြေးငွေနဲ့ဆက်သွယ်ခေါ်ယူခဲ့ပြီး ပန်းဘဲတန်းမြို့နယ်မှာရှိတဲ့ 32nd Beauty Land Hotel အခန်းအမှတ် ၅၀၂ မှာ ပျော်ပါးနေစဉ် ကြည့်ရှုခဲ့တဲ့ လူသတ်အလောင်းဖျောက် နိုင်ငံခြားရုပ်သံဇာတ် လမ်းတွဲက ဇာတ်ဆောင်တွေအတိုင်း မစုမြတ်ဝင်းကို အသင့်ဆောင်ထားတဲ့ စတီးဓား ၂ ချောင်းနဲ့ ရက်စက်စွာသတ်ဖြတ်ပြီး ဝမ်းတွင်းကလီစာတွေနဲ့ဝဲဘက်ပေါင်အသားတွေကို လှီးဖြတ်ထုတ်ယူကာ ရည်းစာဖြစ်သူနဲ့အတူ အလောင်းဖျောက် စွန့်ပစ်ခဲ့တာ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


