ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ရန်ကုန်- မော်လမြိုင် လမ်းမကြီး၊ မိုင်တိုင်အမှတ် (၆/၄) ဖာလုံနေရာမှာ လမ်းဘေးမှာရပ်ထားတဲ့ ၂၂ ဘီးကုန်တင်ယာဉ်ကို Probox ယာဉ် ၁ စီးက ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ပြီး ၃ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၇ ရက် ည ၁၁နာရီကျော်အချိန်က ဖြစ် ပွားခဲ့တာဖြစ်ပြီး အဆိုပါဖြစ်စဉ်ကြောင့် Probox ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၂)ဦး စုစုပေါင်း(၄)ဦးအနက် ကျား(၂)ဦး(သေဆုံး)၊ မ(၁)ဦး (သေဆုံး)၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ)ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က အသိပေးထားပါတယ်။
သတင်းရရှိတာကြောင့် ဝေါမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်တပ်ဖွဲ့ဝင်များကကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပြီး သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာသူတွေကို ဝေါပရဟိတ လူမှုကူညီရေးအသင်းသူနာတင်ယာဉ်နဲ့ ဝေါမြို့နယ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။


