လွန်ခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန်- မန္တလေးအမြန်လမ်းမပေါ်ကို တက်လာတဲ့ PDF တွေကို အားပေးစကားပြောကြားခဲ့သူတဲ့ ကိုဘိုဘိုသိန်းဆိုသူကိုစစ်ကော်မရှင်က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဖမ်းဆီခံရသူဟာ အသက် ၄၉ နှစ်အရွယ် အိမ်ခန်းအလှဆင်လုပ်ငန်း လုပ်ကိုင်သူကိုဘိုဘိုသိန်းဆိုသူဖြစ်ပြီး ယမန်နေ့ ဒီဇင်ဘာ ၂၉ ရက် ည ၁၁ နာရီအချိန်က သူနေထိုင်ရာ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် နေအိမ်မှယ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
ကိုဘိုဘိုသိန်းဟာ အမြန်လမ်းမကြီးပေါ်ကိူ တက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေ “အမြန်ဆော်ဗျာ”လို့ အားပေးစကား ပြောဆိုခဲ့တာဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အမြန်လမ်းပေါ်တက်လာချိန်မှာ လုံခြုံရေးတပ် ဖွဲ့တွေနဲ့ ၁၅မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့သလ်ု အဲ့ဒီနေ့က အမြန်လမ်းပေါ်သွားလာနေတဲ့ ခရီးသွားယာဉ်တွေ နာရီအတော်ကြာ ပိတ်ဆို့တာမျိုးဖြစ်ပွားခဲ့ရပါသေးတယ်။
ဒီအချိန်မှာက ပြည်သူအနေနဲ့ စိတ်ခံစားချက်ကို ရှေ့တန်းမတင်ဘဲ ဦးနှောဏ်နဲ့ စဉ်းစားသင့်တယ်။ စစ်တပ်ကိုဘဲ ဖြစ် ဖြစ် PDF ကိုဘဲဖြစ်ဖြစ် ဘက်နှစ်ဘက်ကြားမညှပ်စေချင်ဘူး။ ကျွန်တော်တို့ အခု ဒီဇင်ဘာ ခရီးသွားတယ်၊ တာဝန်ရှိလို့တားရင်ရပ်ပေးလိုက်တယ်၊ သွားမယ့်နေရာကိူပြောတယ်၊ ကျန်တာဘာတခုမှ မပြောဘူး”လို့ ဒီဇင်ဘာ ရုံးပိတ်ရက်အ တွင်း ခရီးသွားလာခဲ့သူတစ်ဦးက New Day Myanmar ကိုပြောပါတယ်။
ဒီလိုဖြစ်ပွားရတာဟာ တော်လှန်ရေးအဖွဲ့က ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို အင်တာနက်ပေါ်တင်လိုက်တာကြောင့် အခုဖြစ်ပွားရတာဖြစ်တယ်လို့သူကဆိုပါတယ်။
“တော်လှန်ရေးလုပ်နေသူဆိုတွေလည်းဒီလိုဘဲ စိတ်ခံစားချက်ကိုရှေ့တန်းမတင်မိဖို့လိုတယ်”လို့ သူက ဆိုပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်ဟာ နိုင်ငံရေး အ ကြပ်အတည်းတွေ့နေရချိန် လူထုအားအကြောက်တရားနဲ့ အုပ်ချုပ်ရန် ကြိုး ပမ်းတာဟာ လက်နက်သဖွယ် ဖြစ်လာပြီးလူထုရဲ့ တော်လှန်ရေးစိတ်ဓာတ်ကို ဟန့် တားနိုင်မှာမဟုတ်ဘူးလို့ နိုင်ငံရေးလေ့ လာသူတွေကလည်း သုံးသပ်ထားပါတယ်။
ဓာတ်ပုံ-လူမှုကွန်ရက်


