Homeပြည်တွင်းသတင်းရန်ကုန်-မန္တလေးအမြန်လမ်း‌ပေါ်က "လေးက" တံတားစခန်းဂိတ် တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်တိုက်ခိုက်

ရန်ကုန်-မန္တလေးအမြန်လမ်း‌ပေါ်က “လေးက” တံတားစခန်းဂိတ် တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်တိုက်ခိုက်

၁၄ နိုဝင်ဘာ ၂၀၂၅

ရန်ကုန်-မန္တလေးအမြန်လမ်း‌ပေါ်က စစ်ကော်မရှင်ရဲ့”လေးက” တံတားစခန်းဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တိုက်ခိုက်ခဲ့ရာမှာ စစ်ကော်မရှင်တပ်သား နှစ်ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရရှိတယ်လို့ နေပြည်တော်တပ်ကုန်း PDFတပ်ရင်းအမှတ် (၈၀၃)က အသိပေးထားပါတယ်။

အဲဒီတိုက်ခိုက်မှုကို နိုဝင်ဘာ ၁၁ရက် ည ၉ နာရီ ၄၅မိနစ်အချိန်မှာ အမြန်လမ်း၊ မိုင်တိုင်အမှတ် ၂၃၉ မှာရှိတဲ့ “လေးက” တံတားစခန်းဂိတ်ကို ဝင်ရောက်တိုက် ခိုက်ခဲ့တာဘဲဖြစ်ပါတယ်။

တိုက်ပွဲကြာချိန်ဟာ နာရီဝက်ခန့်သာရှိပြီး

ထိခိုက်ဒဏ်ရာရရှိတာအတွက် New Day Myanmar အနေနဲ့သီးခြားအတည်မပြုနိုင်သေးပါဘူး။

တိုက်ပွဲကြောင့် အမြန်လမ်းအနောက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာတွေလုပ်နေတာကြောင့် ပြည်သူတွေ စစ်ရေးသတိနဲ့နေဖို့ နေပြည်တော်တပ်ကုန်း PDF တပ် ရင်းအမှတ် (၈၀၃) က သတိပေးထားပါတယ်။

#အမြန်လမ်း‌#လေးကတံတားစခန်းဂိတ်#တော်လှန်ရေးတပ်#တိုက်ခိုက်#NewDayMyanmar

ပုံစာ- နေပြည်တော်တပ်ကုန်း PDF တပ် ရင်းအမှတ် (၈၀၃)က ရဲဘော်တွေကို တွေ့ရစဉ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး