Homeပြည်တွင်းသတင်းရန်ကုန် - နေပြည်တော် အမြန်လမ်းမှာ ခရီးသည်တင်ယာဉ် မီးလောင်

ရန်ကုန် – နေပြည်တော် အမြန်လမ်းမှာ ခရီးသည်တင်ယာဉ် မီးလောင်

၁၆ အောက်တိုဘာ ၂၀၂၅

ရန်ကုန် – နေပြည်တော် အမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၈၄/၀ အနီးမှာ အောက်တိုဘာလ ၁၅ ရက်ည ၁၁ နာရီ ၄၀ မိနစ်က Express ယာဉ် ၁ စီး အင်ဂျင်အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။

မီးလောင်မှုကြောင့် ယာဥ်တစ်စီး ပျက်စီးခဲ့ပေမယ့်ယာဥ်ပေါ်ပါ အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၁၅ ဦးဟာ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘူးလို့ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားရာကို သာဂရအမြန်လမ်းမီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီးနဲ့ ပလွေးအမြန်လမ်းမီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီးတို့ထွက်ခွာ မီးငြှိမ်းသတ်ပေးခဲ့တယ်လို့ သိရပါတယ်။

Photo- MFSD

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး