Homeပြည်တွင်းသတင်းရန်ကုန် ငမိုးရေချောင်းထဲ မျောလာတဲ့ အမျိုးသမီးတဦးရုပ်အလောင်း တွေ့ရှိ

ရန်ကုန် ငမိုးရေချောင်းထဲ မျောလာတဲ့ အမျိုးသမီးတဦးရုပ်အလောင်း တွေ့ရှိ

၂၉ ဒီဇင်ဘာ ၂၀၂၅

ရန်ကုန်တိုင်း၊တောင်ဥက္ကလာပမြို့နယ်၊ ၁၄ရပ်ကွက်၊ စီမံကိန်း ၊ငမိုးရေချောင်းဘေးက ရေထဲမှာမျောလာတဲ့ အမျိုးသမီးတဦးရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၈ ရက်ညပိုင်း အချိန်က တွေ့ရှိခဲ့တာဖြစ်ပြီး၊ ပိုင်ရှင်မဲ့ရုပ်အလောင်းကို မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်းက ဆယ်ယူခဲ့ပြီး မိသားစုဝင်တွေဆက်သွယ်နိုင်အောင် အသိပေးထားပါတယ်။

သေဆုံးသူအမျိုးသမီးရုပ်အလောင်းကို သင်္ကန်းကျွန်းစံပြဆေးရုံ ရင်ခွဲရုံ ကို မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်းက ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး