စစ်ကော်မရှင်ပြုလုပ်မယ့် အပိုင်း(၁) ရွေးကောက်ပွဲပြုလုပ်ဖို့ ရက်ပိုင်းအလိုမှာရန်ကုန်၊မန္တလေး နဲ့ စစ်ကိုင်းတိုင်းမှာ ရွေး ကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ရွေးကောက်ပွဲဆန့်ကျင်လှုပ်ရှားမှုကို ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့မှာရှိတဲ့ ဗကသများအဖွဲ့ချုပ်က ကျောင်းသားရဲဘော်တွေက Election Not Demo (ရွေး ကောက်ပွဲဟာ ဒီမိုကရေစီမဟုတ်)
စာ သားပါတဲ့ အင်္ကျီတွေဝတ်ဆင်ပြီး ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။
အလားတူဘဲ မြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့ ခရိုင် မြို့ နယ်ပသုံးလုံးတာဝန်ခံကြီးတွေ ပူးပေါင်းပြီး၊ စစ်ကိုင်းတိုင်း မြောင်-ပရိမ္မ လမ်းမပေါ်မှာစစ်တပ်ရဲ့ရွေး ကောက်ပွဲကို ပြည် သူလူထုအနေနဲ့ဆန့်ကျင်ကြဖို့၊ မပူး ပေါင်းကြဖို့၊ နိုင်ငံသား အခွင့်အရေးကို တန်ဖိုးထားကာကွယ်ကြဖို့ လှုံ့ဆော်တဲ့အနေနဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေးပိုစတာဆိုင်းဘုတ်တွေ စိုက်ထူဆန္ဒပြခဲ့ပါတယ်။
ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်မှာလည်း ၅/လက်ပံတောင်းသပိတ်စစ်ကြောင်းနဲ့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာသပိတ်ကော်မတီတို့မှ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေးသပိတ်ကို ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာလည်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့” စာသားကိုင်ဆွဲပြီးရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဓာတ်ပုံ – ဗကသများအဖွဲ့ချုပ်၊ ရွာပေါင်းစုံသပိတ်၊ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ


