Homeပြည်တွင်းသတင်းရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အခွန် တိုးမြှင့်ကောက်ခံမည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အခွန် တိုးမြှင့်ကောက်ခံမည်

၂၅ ဧပြီ၊ ၂၀၂၅

လာမယ့် မေလ ၁၂ ရက်ကနေစတင်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အခွန်ကို တိုးမြှင့်ကောက်ခံသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာမယ့် ခရီးသွားဧည့်သည်တွေအားလုံး check-in မှာလေဆိပ်အခွန် ပြည်ပခရီးစဉ်တွေအတွက် အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာ နဲ့ ပြည်တွင်းခရီးစဉ်တွေအတွက် ၁၅၀၀၀ ကျပ် တိုးမြှင့်ကောက်ခံသွားမှာဖြစ်ပါတယ်။

“ဒါကပြည်ပထွက်ခွာတဲ့သူတွေအရမ်းများလို့ တိုးကောက်တာ။ ဒါကလည်းအပေါ်ကတိုးကောက်ခိုင်းလို့ ကောက်ရတာ။ အခွန်သီးသန့်ရယ်လို့ တရားတင်ထုတ်ပြန်ထားတာမရှိဘူး။ ပြီးတော့ တနေ့ကို ရန်ကုန်လေဆိပ်ကနေ အနည်းဆုံးမရှိဘူးဆိုရင်တောင် ၅၀၀ လောက်ထွက်ကြတယ်။ ဒါတောင်ကိုယ့်မြန်မာနိုင်ငံသားတွေပဲနော်” လို့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကဝန်ထမ်းတဦးက New Day Myanmar ကိုပြောပါတယ်။

Passenger Service Charge (PSC) သည်လေဆိပ် (သို့) လေယာဉ်ကွင်းတွေမှာ ခရီးသည်တွေကို ဆောင်ရွက်ပေးတဲ့ ဝန်ဆောင်မှုအတွက်ကောက်ခံတဲ့ အခကြေးငွေဖြစ်ပါတယ်။

လေဆိပ်အခွန် တိုးမြင့်ကောက်ခံလိုက်တာကြောင့် လေယာဉ်လက်မှတ်ခတွေကိုလည်း အနည်းငယ်ဈေးနှုန်းမြင့်တက်သွားဖို့ရှိတယ်လို့ MAI လေကြောင်းလိုင်းကပြောပါတယ်။

“အရမ်းကြီးတော့ တတ်ဖို့မရှိပါဘူး။ ၃ ရာခိုင်နှုန်းလောက်‌တိုးဖို့လုပ်ထားတယ်။ အစည်းအဝေးလုပ်ပြီးမှ သေချာပြောလို့ရမယ်။ အခုကတော့ ရာထားတုန်းပေါ့” လို့ MAI ကတာဝန်ရှိသူက New Day Myanmar ကိုပြောပါတယ်။

ဆက်စပ် သတင်းများ

Most read