Homeပြည်တွင်းသတင်းရန်ကုန်မှာ အမျိုးသမီးငယ်တွေ ပျောက်ဆုံးမှုဆက်တိုက်ဖြစ်နေ

ရန်ကုန်မှာ အမျိုးသမီးငယ်တွေ ပျောက်ဆုံးမှုဆက်တိုက်ဖြစ်နေ

၂၃ မေ၊ ၂၀၂၅

ရန်ကုန်တိုင်းထဲမှာ ယခုလပိုင်းတွေ အတွင်း အမျိုးသမီးငယ်တွေ ဆက်တိုက်ပျောက်ဆုံးမှုတွေဖြစ်ပေါ်နေတာကြောင့် ရန်ကုန်မြို့မှာ နေထိုင်သူတွေ စိုးရိမ်မှုမြင့်တက်နေကြပါတယ်။

New Day Myanmar ရဲ့ ကောက်ယူထားတဲ့ စာရင်းတွေအရ မေလ တခုထဲမှာ တင် ရန်ကုန်မြို့မှာ အမျိုးသမီးငယ် ၁၀ ဦးထက်မနည်းပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။

အမျိုးသမီးငယ်တွေ ဆက်တိုက်ပျောက်ဆုံံးမှုတွေဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလလောက်က စတင်ပြီး ဖြစ်ပေါ်ခဲ့တာကို တွေ့ရပါတယ်။

“ကောင်မလေးတွေ ပျောက်တဲ့ သတင်းတွေ အများကြီးတွေ့ရတယ်။ နှစ်စကစပြီး တဖြည်းဖြည်း လူပျောက်တာတွေ ပိုပြီး ခပ်စိပ်စိပ်ဖြစ်နေတော့ ကိုယ့်သားသမီးတွေ အတွက်စိုးရိမ်ရပါတယ်။”လို့ ရန်ကုန်မြို့ခံ တဦးက New Day Myanmar ကိုပြောပါတယ်။

ဇန်နဝါရီလအတွင်းမှာ ဖြစ်ခဲ့ တဲ့ အမျိုးသမီးငယ်တွေ ပျောက်တဲ့ ဖြစ်စဉ်တခုမှာတော့ အသက် ၁၇ နှစ်အရွယ်အမျိုးသမီးငယ်ဟာ သင်တန်းက အပြန် ကားမှတ်တိုင်းတခုမှာ ရပ်နေရင်း ရုတ်တရက် မေ့မျောသွားရာက နိုးလာတဲ့ အခါကားပေါ်ရောက်နေပြီး ကားပေါ်က ခုန်ချတဲ့ အခါ လွတ်မြောက်ခဲ့ပြီး တောထဲမှာ သွားရာက ပြည်သူ့ကာကွယ်ရေးတပ်တွေက တွေ့ရှိပြီး ကယ်တင်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲ့ဒီအမျိုးသမီးငယ် ရောက်ရှိနေတဲ့ နေရာက မြ၀တီတောလမ်းတနေရာမှာ ဖြစ်လို့ ကျားဖြန့် လုပ်ငန်းတွေ နဲ့ ဆက်စပ်တဲ့ နေရာကို ပို့တာဖြစ်နိုင်တယ်လို့ လွတ်မြောက်လာတဲ့ အမျိုးသမီးငယ်က သုံးသပ်ထားပါတယ်။

ယခုလပိုင်းထဲ ရန်ကုန်မှာ ပျောက်ဆုံံးသူ အများစုဟာ အသက် ၁၆ နှစ်ကနေ အသက် ၃၀ ကြား လူငယ်အမျိုးသမီးတွေ ဖြစ်ကြတယ်လို့ လူမှုကွန်ရက်က လူပျောက်ကြေညာချက်တွေအရ သိရပါတယ်။

ဓါတ်ပုံ – New Day Myanmar

ဆက်စပ် သတင်းများ

Most read