Homeပြည်တွင်းသတင်းရန်ကုန်မှာ လူပျောက်မှုတွေ ခပ်စိပ်စိပ် ဖြစ်ပေါ်နေ

ရန်ကုန်မှာ လူပျောက်မှုတွေ ခပ်စိပ်စိပ် ဖြစ်ပေါ်နေ

မေ၊ ၂၀၂၅

ရန်ကုန်မှာ အခုရက်ပိုင်းအတွက် လူငယ်တွေ ပျောက်ဆုံးမှု ခပ်စိပ်စပ်ဖြစ်ပေါ်နေတယ်လို့ ရန်ကုန်မြို့ခံတွေ ဆီကသိရပါတယ်။ လူမှုကွန်ရက်မှာလည်း နေ့စဉ်လူပျောက်ကြော်ငြာတွေ ဆက်တိုက်တက်နေပါတယ်။

ရဲစခန်းမှာလူပျောက်ကြော်ငြာတိုင်ထားတဲ့ အသက်အရွယ်အများစုသည် ဆယ်ကျော်သက်ယောက်ကျားလေးအများစုပါဝင်နေပြီး ရဲစခန်းကို သွားတိုင်ကြားတဲ့အခါမှာ စစ်ကြောရေးမှာ သွားရှာဖို့ ရဲစခန်းကပြောတာတွေရှိတယ်လို့ ကိုယ်တိုင်လူပျောက်တိုင်ကြားခဲ့သူ တဦးက New Day Myanmar ကိုပြောပါတယ်။

“လူပျောက်တိုင်တဲ့ သူတွေ တနေ့တနေ့မနည်းဘူး။ စစ်ကြောရေးဘက်သွားရှာလို့ အကြံပေးချင်တယ်။ စစ်ကြောရေးမှာမရှာချင်ရင် စစ်သားစုဆောင်းရေးတပ်မှာ သွားရှာ။ ဒီမှာကလူပျောက်လက်ခံပဲရမယ်” လို့ မရမ်းကုန်းရဲစခန်းမှာ တိုင်ကြားစဉ်က ရဲဝန်ထမ်းရဲ့ ပြောစကားကို တိုင်ကြားသူက ပြန်ပြောပြတာဖြစ်ပါတယ်။

စစ်သားစုဆောင်းနေတဲ့ စစ်ကောင်စီတပ်ဟာ ပေါ်ပေါ်တင်တင် ပေါ်တာဆွဲတာရှိသလို နေအိမ်တွေမှာ ဧည့်စာရင်းစစ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာတွေလည်း ရှိပါတယ်။

ရန်ကုန်မြို့ကြီးဟာ နေထိုင်ဖို့ မလုံခြုံတော့ပေမယ့် ဝမ်းရေးအတွက် ရုန်းကန်လှုပ်ရှားသွားလာနေရတယ်လို့ ကုမ္ပဏီဝန်ထမ်းတဦးက New Day Myanmar ကိုပြောပါတယ်။

ဆက်စပ် သတင်းများ

Most read