Homeပြည်တွင်းသတင်းရန်ကုန်မှာ ရပ်ကွက်တခုကို နေ့စဉ်ပုံမှန်လူ ၅ ယောက်ဖမ်းပေးဖို့ အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီညွှန့်ကြားထား

ရန်ကုန်မှာ ရပ်ကွက်တခုကို နေ့စဉ်ပုံမှန်လူ ၅ ယောက်ဖမ်းပေးဖို့ အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီညွှန့်ကြားထား

မေ၊ ၂၀၂၅

ရန်ကုန်တိုင်းထဲက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေအနေနဲ့ နေ့စဉ်ပုံမှန်လူဖမ်းပြီး စစ်ကောင်စီတပ်ကို ပေးဖို့ အတွက် စစ်ကောင်စီက ညွန့်ကြားထားတယ်လို့ အုပ်ချုပ်ရေးအသိုင်းအ၀ိုင်းက စုံစမ်းသိရပါတယ်။

အုပ်ချုပ်ရေမှူးတွေ အနေနနဲ့ တနေ့ကို လူ ၅ ယောက် ဖမ်းပေးဖို့ စစ်ကောင်စီက ညွန့်ကြားထားတာဖြစ်ပြီး သတ်မှတ်တဲ့အရေအတွက် မပြည့်မီရင် ခံဝန်လက်မှတ်ရေးထိုးရတယ်လို့ ဆိုပါတယ်။

“တစ်ယောက်နဲ့တစ်ယောက်စက်နဲ့ပေါက်ပြီး အချိတ်အဆက်လုပ်ရတာပေါ့။ အာလူးကောက်တယ်လို့ခေါ်တယ်။ တနေ့ကို ၅ ယောက်ဖမ်းပေးရတယ်။ အဲဒီတော့ကိုယ်တွေလည်း လမ်းဘေးမှာအရက်သောက်နေတဲ့ သူတွေကအစ ဖမ်းရတာပေါ့။ ပိုက်ဆံတတ်နိုင်တဲ့သူက ပြန်ထုတ်။ မတတ်နိုင်တဲ့သူက စစ်ကြောရေးပို့တယ်” လို့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတဦးက New Day Myanmar ကိုပြောပါတယ်။

ရန်ကုန်မှာ နေ့စဉ်လှည့်ကင်းကားက ပုံမှန်ပတ်နေပြီး အတင်းအဓမ္မ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာဖြစ်ပြီး လူပျောက်ကြော်ငြာတွေလည်း တနေ့ထက်တနေ့ပိုများလာပါတယ်။

စစ်သားလိုအပ်ချက်ရှိနေတဲ့ စစ်ကောင်စီဟာ အတင်းအဓမ္မ ဖမ်းဆီးတာတွေလုပ်ဆောင်နေသလိုစစ်မှုထမ်းစာရင်းနဲ့လိုက်ကောက်တာတွေကို အရင်ထက်ပြောင်ပြောင်တင်းတင်းလုပ်ဆောင်လာခဲ့ပါတယ်။

“လူကတော့နေ့တိုင်းဖမ်းပေးရတယ်။ ၅ ယောက်ပေါ့။ ၅ ယောက်မရတဲ့နေ့တွေလည်း ရှိတယ်။ အဲဒီအခါကျရင် ထောင်းခံရတယ်။ လူမပြည့်လို့။စီမံချက်သဘောမျိုးပေါ့”လို့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတဦးကပြောပါတယ်။

ရန်ကုန်မှာ မြို့နယ် ၃၃ ခု ပါဝင်ပြီး ယင်းမှရပ်ကွက်ပေါင်း ထောင်ချီရှိတယ်လို့စည်ပင်သာယာရေး ကော်မတီကနေ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read