ရန်ကုန်မှာ အခု စက်တင်ဘာ ၁၅ရက်ကနေ ၂၁ ရက်အထိ ရက်သတ္တပတ်အတွင်း ရွေးကောက်ပွဲဆန့်ကျင်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခံရတဲ့ သူ၂ ဦးအပါ ၄၁ဦးကို စစ်ကော်မရှင်က ဖမ်းဆီးခံခဲ့ရတယ်လို့ ဒီကနေ့စက်တင်ဘာ ၂၂ ရက်မှာ Rangoon Scout Network အသိပေးဖော်ပြလာပါတယ်။
အဲဒီ ဖမ်းဆီးခံရသူတွေဟာ ရန်ကုန်တိုင်း ၁၀ မြို့နယ်အတွင်းက စမ်းချောင်း၊အင်းစိန်၊ မြောက်ဒဂုံ၊ လှိုင်၊ တောင်ဒဂုံ၊ကျောက်တံတား၊ လှိုင်သာယာ၊ မင်္ဂလာတောင်ညွန့်၊ မင်္ဂလာဒုံနဲ့ သန်လျင်မြို့ နယ်တို့မှာ ဖမ်းဆီးခံခဲ့ကြရတာလို့ဖော်ပြထားပါတယ်။
ဖမ်းဆီးခံရတဲ့အရေအတွက်အရ သတင်းအတိအကျ ရှာဖွေဖမ်းဆီးခံရသူ ၄ ဦး၊ ရမ်းသမ်းဖမ်းဆီးခံရသူ ၃၅ ဦးနဲ့ စစ်ဆေးပြီး ဖမ်းဆီးခံရသူ ၂ ဦး စုစုပေါင်း ၄၁ ဦးတို့ ဖြစ်တယ်လို့ဖော်ပြထားပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ သတင်းအတိ အကျနဲ့ ရှာဖွေဖမ်းဆီးခံရသူ ၄ ဦးအနက်၂ ဦးဟာ တော်လှန်ရေးပုဒ်မတွေနဲ့ ဖမ်းခံခဲ့ကြရသူတွေဖြစ်ပြီး ၂ ဦးဟာ ရွေး ကောက်ပွဲဆန့်ကျင်ဆန္ဒပြတယ်လို့ဆိုကာ စွပ်စွဲဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ဒါအပြင် CDM ထောက်ပို့ထီရောင်းလို့ဟုဆိုကာ ၁ဦး ဖမ်းခံရပြီး ၊ နောက်ထပ် ၁ ဦးမှာ အွန်လိုင်းပေါ်ကနေ စစ်တပ်ကို ဝေဖန်စာများရေးတယ်လို့ဆိုကာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
အလားတူ ရမ်းသမ်းဖမ်းဆီးခံရသူ ၃၅ ဦးရှိပြီး အဲဒီထဲက ၁၀ ဦးဟာ လမ်းမပေါ် ဖမ်းဆီးခေါိဆောင်ခံရတာဖြစ်ပြီး၊ ၁၇ ဦးမှာ ပွဲဈေးအနီးမှာ အကြောင်းအမျိုးမျိုးပြပြီး ဖမ်းခံရတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် ရန်ကုန်အပါအဝင် နေရာဒေသအနှံ့မှာ လူငယ်တွေ ပျောက်ဆူံတာ၊ ဖမ်း ဆီးခံရတာ၊ ပေါ်တာဆွဲခေါ်ဆောင်သွားတာတွေကို ဖြစ်ပွားနေပြီး၊ စစ်မှုထမ်းသင်တန်းအမှတ်စဉ် ၁၇ ကို စက်တင် ဘာလ ၁၅ ရက်မှာစတင်နေပြီလို့ ထုတ်ပြန်ထားပါတယ်။
စစ်မှုထမ်းလူငယ်တွေကို လှည်းကူးမြို့နယ်၊ ဖောင်ကြီး စခတ ၁ နဲ့ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူ တတက ၁ တို့မှာ ဖွင့်လှစ်နေတာဖြစ်ပြီး အမှတ်စဉ် ၁၇ သင် တန်းဖြစ်တဲ့ စခတ ၁ မှာ လူအယောက် ၂၀၀ ခန့် နှဲ့ တတက ၁မှာ လူအယောက် ၄၀၀ ခန့် တက်ရောက်နေတယ်လို့ စစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ပုံစာ – ရန်ကုန်မှာ စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့ကင်းလှည့်နေစဉ် (ပုံဟောင်း)


