Homeပြည်တွင်းသတင်းရန်ကုန်မှာ ဖေဖော်ဝါရီလအတွင်း အနည်းဆုံး လူ ၂၃၀ ကျော် အဖမ်းခံရ

ရန်ကုန်မှာ ဖေဖော်ဝါရီလအတွင်း အနည်းဆုံး လူ ၂၃၀ ကျော် အဖမ်းခံရ

၆ မတ်၊ ၂၀၂၅

ရန်ကုန်တိုင်းထဲမှာ ဖေဖော်ဝါရီလအတွင်း အနည်းဆုံး လူ ၂၃၃ ဦးဖမ်းဆီးခံခဲ့ရတယ်လို့ Rangoon Scout Network ကနေ သိရပါတယ်။

ဖမ်းဆီးခံရသူ ၂၃၃ ဦးအနက် ၅၄ ဦး ပြန်လွတ်လာခဲ့ပြီး ၈ ဦးကို ပြန်မလွှတ်ပေးတော့ကြောင်း အတည်ပြု သိရှိရပြီး ၁၇၁ ဦးမှာ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်ခြင်း ရှိ မရှိ နောက်ဆက်တွဲကို မသိရှိရသေးဘူးလို့ဆိုပါတယ်။

ဖြစ်စဥ််််တွေအရ လမ်းမပေါ် တွေ့ရာ လိုက်ဆွဲလို့ပါသွားသူ ဦးရေမှာ ၁၀၆ ဦး ရှိပြီး ဧည့်စာရင်းစစ်ပြီး ဖမ်းခေါ်ခံရသူ ၆၃ ဦး၊ သတင်းအတိအကျဖြင့် ရှာဖွေဖမ်းဆီးခံရသူ ၅၉ ဦးနဲ့ ဖမ်းဆီးတဲ့ပုံစံ မသိရပဲ ချုပ်နှောင်ခံထားရသူ ၅ ဦး ရှိခဲ့ကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် စစ်ရေးလှုပ်ရှားသူတွေ၊ သပိတ်လှုပ်ရှားသူတွေ ဆိုပြီး စွပ်စွဲ ဖမ်းဆီးခံရသူ လူငယ် ၃ ဦး ရှိခဲ့ပြီး အဆိုတော် လင်းလင်းရဲ့ ရောင်နီသီချင်းကို လမ်းဘေးမှာ တီးခတ်နေတာကို အားပေးအားမြောက်လုပ်တယ်ဆိုပြီး ဆိုကာ ၅ ဦး ဖမ်းဆီးခံရတယ်လို့ဆိုပါတယ်။

စစ်မှုထမ်းအတွက် သန်လျင် ရေတပ်သင်္ဘောပေါ် ဖမ်းဆီးထားရာမှ ၂ ဦး ခုန်ချထွက်ပြေးခဲ့သော်ပေမယ့် ပြန်လည်ဖမ်းစီးခံရမှုလည်း ရှိတယ်လို့ဆိုပါတယ်။

ဖော်ဝါရီလ ၁၇ ရက်နေ့မှာ စစ်တပ်က စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၁၀ စတင်ခဲ့ပြီး အဓမ္မစုဆောင်းထားသူ လူ ၅၀၀ ကျော်ကို တိုက်ကြီးမြို့နယ်နဲ့ လှည်းကူးမြို့နယ်ရှိ စစ်သင်တန်းကျောင်းတွေကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

Photo – စစ်ကောင်စီ

ဆက်စပ် သတင်းများ

Most read