Homeပြည်တွင်းသတင်းရန်ကုန်မှာ နေထိုင်သူ ထက်ဝက်ခန့်က ဆင်းရဲမွဲတေနေ

ရန်ကုန်မှာ နေထိုင်သူ ထက်ဝက်ခန့်က ဆင်းရဲမွဲတေနေ

ဇွန်၊ ၂၀၂၅

ရန်ကုန်မြို့မှာ နေထိုင်သူတွေရဲ့ ၄၃ ရာခိုင်နှုန်းထက် မနည်းဟာ ဆင်းရဲမွဲတေစွာ နေထိုင်နေရတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေး ရန်ပုံငွေအဖွဲ့ UNDP ရဲ့ ဇွန်လ ၃ ရက်မှာ ထုတ်ပြန်တဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

လူဦးရေ ၄၈၀၀ ကို အခြေခံပြီး ပြုလုပ်ထားသော လေ့လာဆန်းစစ်ချက်အရ ရန်ကုန်မြို့မှာဆင်းရဲမွဲတေမှုဟာ၂၀၁၇ ခုနှစ်မှာ ၁၀ ရာခိုင်နှုန်း ရှိရာကနေ ၂၀၂၃ ခုနှစ်မှာ ၄၃ ရာခိုင်နှုန်း အထိ ရောက်ရှိသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ရဲ့ စုစုပေါင်းမြို့ပြလူဦးရေဟာ ခန့်မှန်းခြေအားဖြင့် ၆ ဒသမ ၂ သန်းရှိပြီး ယခုအခါ လူဦးရေ ၂ ဒသမ ၇ သန်းနီးပါးဟာ ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရတယ် လို့ စစ်တမ်းက ဖော်ပြပါတယ်။

အဲ့ဒီအထဲကမှာ ရန်ကုန်က အိမ် ၄ အိမ်မှာ ၁ အိမ်ဟာ ဆိုးဆိုးရွားရွားကို ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

မြို့ပြဆင်းရဲနွမ်းပါးမှုအခြေအနေဟာ ၂၀၁၇ ခုနှစ်မှာ ၂ ရာခိုင်နှုန်းကနေ ၂၀၂၃ ခုနှစ်မှာ ၂၆ ရာခိုင်နှုန်းအထိ တိုးလာတာကြောင့် ရန်ကုန်မြို့မှာ ဆင်းရဲမွဲတေမှုမျဥ်းအောက် ကျဆင်းလာနေသူတွေ သာမက ဆင်းရဲနွမ်းပါးသူတွေဟာလည်း အရင်ထက်ယခင်ထက် ဆင်းရဲမွဲတေမှုပိုဖြစ်လာတာလို့ ဆိုပါတယ်။

ဒီအခြေအနေဟာ စီးပွားရေးကျဆင်းမှု၊ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ပြည်ပအကူအညီတွေ လျော့ကျလာခြင်းတို့ကြောင့် ဖြစ်ပွားရခြင်း ဖြစ်တယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဓါတ်ပုံ – AFP

ဆက်စပ် သတင်းများ

Most read