Homeပြည်တွင်းသတင်းရန်ကုန်မှာ တို့ဆေး အသုံးပြုပြီး ပြန်ပေးဆွဲမှုတွေဖြစ်နေ

ရန်ကုန်မှာ တို့ဆေး အသုံးပြုပြီး ပြန်ပေးဆွဲမှုတွေဖြစ်နေ

မေ၊ ၂၀၂၅

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့မှာ တို့ဆေးနဲ့ လူပြန်ပေးဆွဲတဲ့ ဖြစ်စဉ်တွေ မကြာခဏဖြစ်ပွားနေတယ်လို့ လူမှုကွန်ရက်တွေမှာ ရေးသားဖော်ပြချက်အရ သိရပါတယ်။

မေလ ၁ ရက်နေ့မှာ မိန်းကလေးငယ်တဦးကို တို့ဆေးနဲ့ ပြန်ပေးဆွဲပြီး ငွေညှစ်တောင်းမှုတွေရှိသလို ပြီးခဲ့တဲ့ ဧပြီလမှာလည်း တို့ဆေးနဲ့တို့ပြီး ပစ္စည်းတွေယူဆောင်သွားတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း တို့ဆေးဟာလုံးဝမရှိပဲ ဓာတုပစ္စည်းတစ်မျိုးမျိုးကို အသုံးပြုထားတာဖြစ်တယ်လို့ ဆရာဝန် တဦးကပြောပါတယ်။

“တကယ်တော့တို့ဆေးဆိုတာ လုံးဝမရှိဘူး။ ခွဲစိတ်ခန်းတွေမှာ အသုံးပြုတဲ့ မေ့ဆေးလိုဟာတမျိုးမျိုးကိုသုံးထားတဲ့ဟာပေါ့။ သူကဆူးချွန်တမျိုးနဲ့ထိုးလိုက်တာ။ အပ်လိုပုံစံ။ သတိထားသင့်တယ်။ မမြင်နိုင်တဲ့အရာလေအဲဒါက။ အဲဒီဆေးတွေက သုံးလေးရက်လောက်နဲ့မပြယ်ဘူး” လို့ ဆရာဝန်တစ်ဦးက New Day Myanmar ကိုပြောပါတယ်။

ရန်ကုန်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒုစရိုက်မှုကျူးလွန်သူတွေက မကြာခဏဆိုသလို လုယက်၊ဓားပြတိုက်တာရှိသလို တို့ဆေး တို့ပြီး ပစ္စည်းတွေကို လုယက်တာ၊ ပြန်ပေးဆွဲငွေညှစ်တာတွေကို လုပ်ဆောင်လာကြပါတယ်။

ဆက်စပ် သတင်းများ

Most read