Homeပြည်တွင်းသတင်းရန်ကုန်မှာ တပတ်အတွင်း COVID 19 အတည်ပြုလူ နာ ၁၇ ဦး ရှိလာ

ရန်ကုန်မှာ တပတ်အတွင်း COVID 19 အတည်ပြုလူ နာ ၁၇ ဦး ရှိလာ

ဇွန်၊ ၂၀၂၅

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တပတ်အတွင်း COVID 19 အတည်ပြုလူနာ ၁၇ ဦးအထိ ရှိလာခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန် ကြီးဌာနက ဇွန်လ ၃ ရက်နေ့မနက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ကျန်းမာရေးဝန် ကြီးဌာနအနေနဲ့ မေလ၂၅ ရက်ကနေ ဇွန်လ ၁ ရက်နေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၁၇၇၈ ခုကို စစ် ဆေးခဲ့ရာမှာ COVID 19 အတည်ပြုလူနာ ၁၇ ဦးအထိ တွေ့ရှိခဲ့တာလို့ သိရပါတယ်။

COVID 19 အတည်ပြုလူနာ ၁၇ ဦးကတော့ လှိုင်မြို့နယ်မှာ ၃ ဦး ၊ မရမ်းကုန်း၊ အလုံ နဲ့ကမာရွတ်မြို့နယ်တွေမှာ ၂ ဦးစီနဲ့ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ သင်္ဃန်းကျွန်း ၊ လှိုင်သာယာ၊ပန်းပဲတန်း၊ ရွှေပြည်သာ၊ ဆိပ်ကြီးခနောင်တို နဲ့ ဒဂုံမြို့သစ် (မြောက်ပိုင်း) စတဲ့မြို့နယ်တွေမှာ ၁ ဦးစီတို့ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ၂၀၂၀ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့က ၂၀၂၅ခုနှစ မေလ ၁၁ ရက်နေ့အထိ COVID 19 ရောဂါဖြစ်ပွားသူ ၆၄၃၂၄၂ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ ၁၉,၄၉၄ ဦးရှိခဲ့တယ်လို့လည်း စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက သိရပါတယ်။

ပုံစာ – ၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်းက ရန်ကုန်မြို့တွင် COVID 19 ဖြစ်ပွားနေစဉ်

ဓါတ်ပုံ – AP

ဆက်စပ် သတင်းများ

Most read