Homeပြည်တွင်းသတင်းရန်ကုန်မှာ တပတ်အတွင်း အနည်းဆုံး ၂၆ ဦးဖမ်းဆီးခံရ

ရန်ကုန်မှာ တပတ်အတွင်း အနည်းဆုံး ၂၆ ဦးဖမ်းဆီးခံရ

၁၁ ဩဂုတ် ၂၀၂၅

ရန်ကုန်တိုင်းဒေသကြီးမှာ ဩဂုတ်လ ၄ ရက်ကနေ ဩဂုတ်လ ၁၀ ရက်အထိ တပတ်အတွင်း ပြည်သူ ၂၆ ဦးအနည်းဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့ Rangoon Scout Network ကနေ သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ တောင်ဒဂုံ၊ အရှေ့ဒဂုံ၊ သာကေတ၊ တာမွေ၊ မရမ်းကုန်းနဲ့ ကျောက်တံတားမြို့နယ်တို့ကဖြစ်တယ်လို့ လည်း သိရပါတယ်။

အဲ့ဒီအထဲမှာ သတင်းအတိအကျနဲ့ အိမ်ထိ ဝင်ဖမ်းခံရသူ ၆ ဦး၊ ဧည့်စစ်ပြီး ဖမ်းခံရသူ ၆ ဦး၊ လမ်းမပေါ် ရမ်းသမ်းဖမ်းဆီးခံရသူ ၁၄ ဦး တို့ဖြစ်ကြတယ်လို့ ဆိုပါတယ်။

“ရန်ကုန်ကတော့ နည်းနည်းမှောင်ရင်ကို အပြင်မထွက်ရဲတော့တဲ့ အနေအထားဖြစ်နေပါပြီ။”လို့ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်သူ တဦးက New Day Myanmar ကိုပြောပါတယ်။

ပြီးခဲ့တဲ့ တပတ်အတွင်း အရှေ့ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ သာကေတ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ အင်းစိန်နဲ့ သန်လျင်မြို့နယ်တို့မှာ ဧည့်စစ်လူရှာဖြစ်စဉ် ၉ ခု သတင်းရရှိခဲ့တယ်လို့ လည်း သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး