၁၀ အောက်တိုဘာ ၂၀၂၅
ဒီကနေ့ အောက်တိုဘာ ၁၀ ရက်နံနက်ပိုင်းမှာ စစ်ခေါင်းဆောင်ဟာ ရန်ကုန်မြို့ကို ရောက်ရှိနေပြီး မြို့နယ်အလိုက် လုံခြုံရေးတိုးမြှင့်ထားတာကို တွေ့မြင်ရပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဒီကနေ့မှာ ပြီးခါနီးပီုဖြစခတဲ့ ဒလတံတားနဲ့ သာကေတဘက်တွေကို ကြည့်ရှု့ခဲ့တယ်လို့ ရန်ကုန်စောင့်ကြည့်အဖွဲ့က ဆိုပါတယ်။
“ဒီမနက်ဗိုလ်အောင်ကျော်လမ်းဘက်ကနေ ဒလတံတားဘက်သွားတယ်၊ အဲဒီကနေ သာကေတဘက်ကို မောင်းထွက်သွားတာ တွေ့ရတယ် “လို့ ရန်ကုန်မြို့နေပြည်သူတဦးက New Day Myanmar ,ကို ပြောပါတယ်။
စစ်ခေါင်းဆောင်လာရောက်မယ်ဆိုတာကြောင့် မနေ့ အောက်တိုဘာ ၉ ရက်နဲ့ ဒီကနေ့ အောက်တိုဘာ ၁၀ ရက်နေ့တွေမှာ ဒလမြို့တွင်း လုံခြုံရေးအင်အားတိုးမြှင့်ထားသလို မြို့ကို အဓိကကူးလူးဆက်ဆံတဲ့လှေဆိပ်တွေမှာ အစစ်အဆေးတွေတင်းကြပ်နေတဲ့အတွက် မြို့ခံသွားလာရေးအခက်ကြုံနေကြရတယ်လို့ သိရပါတယ်။
အများပြည်သူ ကူးသန်းတဲ့ လှေဆိပ်တွေမှာ စစ်ဆေးရှာဖွေတာတွေကြောင့် မြို့ခံအများစု စိုးရိမ်ထိတ်လန့်တာတွေ ရှိတယ်လို့လည်း ကြားသိရပါတယ်။
ပုံစာ- ရန်ကုန်မြို့တွင် ကင်းလှည့်နေတဲ့ စစ်ကော်မရှင် ယာဉ်တန်း (ပုံအဟောင်း )


