ရန်ကုန်တိုင်းအတွင်းမှာ ကျုးကျော်တည်ဆောက်ထားတဲ့စျေးဆိုင်အဆောက်အဦးတွေကို ဖယ်ရှားရှင်းလင်းနေတယ်လို့ မြို့ခံပြည်သူတွေဆီက သိရပါတယ်။
ရန်ကုန်မြို့သင်္ကန်းကျွန်းမြို့နယ်၊ပန်းတန်းအပါဝင် တာမွေမြို့နယ် အာသောကစျေးအနီးက ဆိုင်ခန်းတွေနဲ့ သာကေတမြို့နယ် ကယ်ပီတယ်စျေးဝယ်စင်တာအနီးက ဆိုင်ခန်းတွေပါရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ကျူးကျော်စျေးဆိုင်ခန်းဆိုပြီး အသေအချာအခိုင် အမာလုပ် စျေးရောင်းတာတင်မက လူပါနေနေသေးတာရှိတယ်။ အဖီတွေထုတ်ထာတယ်။ အဲ့တာတွေကို ဖြိုချနေတာပါ”လို့ သင်္ကန်းကျွန်မြို့ခံတဦးက ပြောပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်ထောင်စုဂုံးတံတားအဆင်းကပန်းဆိုင်တွေ၊ အာသောကစျေးအနီးက ဆိုင်ခန်းတွေ၊ ကြက်ဘဲစျေးက ပျံကျဆိုင်ခန်းတွေ၊နဲ့ တာမွေစျေးအရှေ့မှာရှိနေတဲ့ လမ်းဘေးဆိုင်တန်းတွေကို အောက်တိုဘာ ၁၄ ရက်နေ့ မနက်ပိုင်းကစပြီး ဖျက်သိမ်းနေတာဖြစ်ပါတယ်။
လမ်းနယ်နိမိတ်နဲ့မလွတ်လို့ ဖျက်သိမ်းပေးရတာဖြစ်ပြီး အောက်တိုဘာ ၁၂ ရက်က အသိပေးအကြောင်းကြားထားသလို အချို့နေရာတွေမှာ ကြိုတင်အကြောင်းကြားထားတာမရှိဘူးလို့ ရပ်ကွက်နေသူအချို့က ပြောပါတယ်။
ရန်ကုန်တမြို့လုံးမှာခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဆိုင်ခန်းဖွင့်ပြီး စျေးရောင်းပါကထောင်ဒဏ်ချမှတ်တဲ့အထိ အရေးယူသွားမယ်လို့စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။
ဓါတ်ပုံ – CJ


