Homeပြည်တွင်းသတင်းရန်ကုန်မှာ ကားပေါ်ကကြဲချတဲ့ ပံ့သကူ ပိုက်ဆံကောက်ရင်း ကားတိုက်ခံရပြီး အမျိုးသမီးတဦးသေဆုံး

ရန်ကုန်မှာ ကားပေါ်ကကြဲချတဲ့ ပံ့သကူ ပိုက်ဆံကောက်ရင်း ကားတိုက်ခံရပြီး အမျိုးသမီးတဦးသေဆုံး

၁၆ နိုဝင်ဘာ၊၃၀၂၄

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၁၄ လမ်းဆုံမှာ မနေ့က နိုင်ဝင်ဘာ ၁၅ က်၊ လပြည့်နေ့ည ပံ့သကူကောက်တဲ့ သားအမိ ၄ ဦး ပိုက်ဆံကောက်ချိန် ကားတိုက်ခံရပြီး‌ မိခင်ဖြစ်သူ​သေဆုံး သွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူဟာ အသက် ၄၀ နှစ်အရွယ်ရှိပြီး ကလေး ၃ ယောက်ကတော့ ထိခိုက်မူမရှိခဲ့ဘူးလို့ ကူညီပေးခဲ့သူတွေက ပြောပါတယ်။

ကားတိုက်မိသူ အမျိုးသမီးဟာ ဦးခေါင်းထိခိုက်ဒဏ်ရာနဲ့ အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပေမယ့် ​သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“ကားပေါ်ကနေ ပိုက်ဆံမကြဲကြပါနဲ့လို့ သတိပေးတာ ခုတော့ဖြစ်ပီ ရွှေပြည်သာ ၁၄လမ်းဆုံ ပုလဲလမ်းမှာ ကားပေါ်က ပိုက်ဆံကြဲသွားတာ ပြေးကောက်တာ သားအမိ ၄ယောက် တော်သေးတယ်။ ကလေး၃ယောက် မတိုက်မိတာ အမေကတော့ အနောက်က ကားနဲ့တိုက်ရော ခက်တယ်ဗျာ အယူဝါဒအမှားတွေ အပျော်အပျက်တွေ များလွန်းတယ် “လို့ကူညီပေးခဲ့တဲ့ ကနောင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

ဆက်စပ် သတင်းများ

Most read