၁၁ ဖေဖော်ဝါရီ ၂၀၂၆
ရန်ကုန်မြို့ အောက်ပုဇွန်တောင်လမ်းမကြီးပေါ်မှာ အသက်မပြည့်သေးတဲ့ ကလေးငယ်ကို အမျိုးသမီးတစ်ဦးက ရိုက်နှက်မှုအပေါ် လူမှုကူညီရေးအဖွဲ့တွေ စုံစမ်းနေပြီဖြစ်တယ်လို့ ရန်ကုန်မြို့လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်းမှာ ကလေးငယ်တစ်ဦးကို အမျိုးသမီးတစ်ဦးက ကိုင်ပေါက်ပြီး လမ်းပေါ် ဒရွတ်တိုက်ဆွဲခေါ်သွားတဲ့ ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်ပေါ် မျှဝေထားတာကိုတွေရပြီး၊ နဘေးမှာရှိတဲ့ လမ်းသွားလမ်းလာ သက် ကြီးပိုင်း အမျိုးသားတစ်ဦးက တားမြစ်နေတာကို တွေ့ရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ “လိပ်စာ အတိအကျ သိရှိသူများ အနားမှာ တွေ့ရှိထားသူများ ဆက်သွယ်ပေးနိုင်ပါတယ်ရှင်”ဟု ခိုင်နှင်းဝေကရေးသားမျှဝေထားပါတယ်။
အဲဒီ အမျိုးသမီးကိုလည်းအရေးယူပေးဖို့နဲ့ နီးစပ်တဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေ သွားရောက်ပေးဖို့ တောင်းဆိုထားတာလည်းတွေ့ရပါတယ်။
လတ်တလော ဖြစ်စဉ်အသေးစိတ်ကို New Day Myanmar အနေနဲ့ ဆက်လက်မေးမြန်းစုံစမ်းနေဆဲဖြစ်ပါတယ်။


