Homeပြည်တွင်းသတင်းရန်ကုန်မြို့ ရွှေဇင်ရွှေဆိုင် ဓားပြတိုက်သူ သာကေတက လက်ဖက်ရည်ဆိုင်ပိုင်ရှင်နဲ့ အဖျော်ဆရာ ကိုဖမ်းမိ

ရန်ကုန်မြို့ ရွှေဇင်ရွှေဆိုင် ဓားပြတိုက်သူ သာကေတက လက်ဖက်ရည်ဆိုင်ပိုင်ရှင်နဲ့ အဖျော်ဆရာ ကိုဖမ်းမိ

၁၀ ဒီဇင်ဘာ ၂၀၂၅

ရန်ကုန်မြို့ ၊ လသာမြို့နယ်ထဲမှာဖွင့်ထားတဲ့ ရွှေဇင်ရတနာရွှေဆိုင်ကို ဓားပြတိုက်သူ သာကေတမြို့နယ်က လက်ဖက်ရည်ဆိုင်ပိုင်ရှင်နဲ့ အဖျော်ဆရာကို မနေ့က ဒီဇင်ဘာ ၉ ရက်‌နေ့မှာ ဖမ်းဆီးရမိပြီဖြစ်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ရက် ဒီဇင်ဘာ ၅ ရက်နေ့မှာ ရွှေဇင် ရတနာရွှေဆိုင်ပိုင်ရှင်က ဆိုင်ဖွင့်ဖို့ပစ္စည်းချနေစဉ်မှာ mask တပ်ထားတဲ့လူနှစ်ဦးက သေနတ်ပြပြီး လုယက်သွားတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် ၆ ရက်အကြာမှာ အခုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က ဓါးပြတိုက်ခဲ့တဲ့ဖြစ်စဥ်ကို CCTV ကနေတဆင့် လိုက်လံစစ်ဆေးရာမှာဓားပြတိုက်သူနှစ်ဦးဟာ သာကေတမြို့နယ် ၈ ရပ်ကွက် အောင်ဘရားသားလက်ဖက်ရည်ဆိုင်ပိုင်ရှင် အောင်ကိုဇင်နနဲ့ အဖျော်ဆရာ စိုးကိုတို့ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် တိုက်ရာပါပစ္စည်းတွေကိုလက် ခံသိမ်းဆည်းပေးတဲ့ သင်းမိုးကြူ နဲ့ ဒဂုံအရှေ့ပိုင်းမြို့နယ်နေ စည်ပင်ရေ စက် မောင်းသူ ဦးသန်းထွန်းတို့ကိုလည်းဖမ်း ဆီးရမိခဲ့တာဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်သူတွေကလည်း ဓားပြတိုက်ခဲ့ကြောင်းဝန်ခံထွက်ဆိုတာကြောင့် တိုက်ရာပါငွေနဲ့ ရွှေထည်ပစ္စည်းတွေအပါ

ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့လုပ် သေနတ်နဲ့ ကျည်တွေကို သက်သေတွေရှေ့သိမ်းဆည်းပြီး တရားစွဲဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး