Homeပြည်တွင်းသတင်းရန်ကုန်မြို့ ကျောက်တံတားရဲစခန်း လက်ပစ်ဗုံးနဲ့ပစ်ခတ် တိုက်ခိုက်ခံရ

ရန်ကုန်မြို့ ကျောက်တံတားရဲစခန်း လက်ပစ်ဗုံးနဲ့ပစ်ခတ် တိုက်ခိုက်ခံရ

၂၅ နိုဝင်ဘာ ၂၀၂၅

အထူးစစ်ဆင်ရေးတရပ်အနေနဲ့ ရန်ကုန်မြို့လယ်မှာရှိတဲ့ ကျောက်တံတားရဲ စခန်းကို ယနေ့ နိုဝင်ဘာ ၂၅ ရက်နေ့ မနက် အစောပိုင်း ၁ နာရီအချိန်မှာ ရန်ကုန်မြို့ပြပျောက်ကျားအဖွဲ့ကလက်ပစ်ဗုံးတွေနဲ့ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုမှာတော့ ရဲစခန်းရှေ့ ကင်းတဲအနီးကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး၊အဲ့ဒီပစ်ခတ် တိုက်ခိုက်တာကို Operation Flame-“Fire Power” အထူးစစ်ဆင်ရေး စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

စစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်လုပ်ဆောင်တဲ့အပြင် ပြည်သူတွေကို နည်းမျိုးစုံနဲ့ မတရားဖမ်းဆီး နှိပ်စက်နေတဲ့ စခန်းတခုဖြစ်တာ ကြောင့် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း Operation Flame ကထုတ်ပြန်ထားပါတယ်။

ဒီစစ်ဆင်ရေးကို Operation Flame နဲ့အတူ အနောက်ပိုင်းခရိုင် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့၊ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ လသာမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူး ပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဓာတ်ပုံ- Rangoon Scout Network

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး