Homeပြည်တွင်းသတင်းရန်ကုန်မြို့လယ်ခေါင်မှာ အသံတိတ်သပိတ်ပြုလုပ်ဖို့ နှိုးဆော်တဲ့ ဆန္ဒပြမှုတခု ပြုလုပ်

ရန်ကုန်မြို့လယ်ခေါင်မှာ အသံတိတ်သပိတ်ပြုလုပ်ဖို့ နှိုးဆော်တဲ့ ဆန္ဒပြမှုတခု ပြုလုပ်

ဒီဇင်ဘာ ၂၀၂၅

ရန်ကုန်မြို့လယ်ခေါင်မှာ ဒီကနေ့ ဒီဇင် ဘာ ၉ ရက် မနက်ပိုင်းက မနက်ဖြန်ပြုလုပ်မယ့် အသံတိတ်သပိတ်အတွက် နှိုးဆော်တဲ့ ဆန္ဒပြမှုတခုပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီဆန္ဒပြမှုကို ဆူးလေလူကူးတံတားအနီးမှာရန်ကုန်လူထုသပိတ်က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ၊ စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့နဲ့ ဒီဇင်ဘာ ၁၀ ရက်မှာ ပြုလုပ်မယ့် အသံတိတ်သ ပိတ်အကြောင်း သတိပေးထားတဲ့ ဆိုင်း ဘုတ်တစ်ခုကိုထောင်ခဲ့တာဖြစ်ပါတယ်။

အခုလို ဆန္ဒအြရတဲ့ ရည်ရွယ်ချက်အပေါ် ရန်ကုန်လူထုသပိတ်က “ဓာတ်ပုံထဲမှ “အမှိုက်ပုံး”သည် အတုအယောင်ရွေးကောက်ပွဲ၏ “မဲပုံး”များကို ရည်ရွယ်ခြင်းဖြစ်ပြီး၊ အကြမ်းဖက်စစ်တပ်မှ ကျင်းပပြုလုပ်မည့်“ရွေးကောက်ပွဲ မဲပုံး” များတွင် ပြည်သူလူထု၏ ထောက်ခံမှုမရှိသော အတုအယောင်ရွေးကောက်ပွဲဝင် ပြည်သူ့ချဉ်ဖက်ကိုယ်စားလှယ်လောင်းများ(သို့)သုံးစားမရသောပြည်ဖျက်အမှိုက်များသာ စုပုံစွန့်ပစ်ခံထားရမည့် “အမှိုက်ပုံး”များဟုပင်မှတ်ယူမည်ဖြစ် ကြောင်း ရန်ကုန်လူထုသပိတ်၏ သဘောထားအား ပြည်သူ့ဆန္ဒနှင့်အညီ ထုတ်ပြန်ကြေငြာမှုပြုအပ်ပါသည်။” လို့ ရှင်းပြထားပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၀ ရက်မှာကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသံတိတ်သပိတ်ပြုလုပ်ဖို့ တော်လှန်ရေးအင် အားစုတွေက နှိုးဆော်ထားတာပါ။

ပြည်သူအားလုံးပါဝင်နိုင်ဖို့အတွက် အသံတိတ်သပိတ်ကို နံနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ အသိပေးထားပါတယ်။

ဓါတ်ပုံ- ရန်ကုန်လူထုသပိတ်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး