Homeပြည်တွင်းသတင်းရန်ကုန်မြို့မှာ ၄ နာရီမီးလာ ၄ နာရီမီးပျက်စနစ် လျှပ်စစ်ပေးဝေမှုအချိန်ပြောင်းလဲသတ်မှတ်ပြန်

ရန်ကုန်မြို့မှာ ၄ နာရီမီးလာ ၄ နာရီမီးပျက်စနစ် လျှပ်စစ်ပေးဝေမှုအချိန်ပြောင်းလဲသတ်မှတ်ပြန်

၂၄ဩဂုတ် ၂၀၂၅

ရန်ကုန်မြို့မှာ ဩဂုတ် ၂၂ ရက်ကစလို့ ၄ နာရီမီးလာ ၄ နာရီမီးပျက်စနစ်နဲ့လျှပ်စစ်ပေးဝေမှုအချိန်ပြောင်းလဲသတ် မှတ်လိုက်တယ်လို့ မြို့နယ်လျှပ်စစ်ရုံးနဲ့နီးစပ်သူတွေဆီကနေသိရပါတယ်။

လွန်ခဲ့တဲ့ ဩဂုတ် ပထမပတ်ကစလို့ရန်ကုန်တိုင်းအတွင်းက ခရိုင်အားလုံးကိုလျှပ်စစ်မီးပေးဝေတာကို အေနဲ့ဘီ အုပ်စု ၂ စုသတ်မှတ်ပြီးပေးဝေရာကနေ ဩဂုတ် ၆ ရက်မှာ ခရိုင်နှစ်ခုကို A, B နှစ်အုပ်စု၊ ကျန်ခရိုင်နှစ်ခုကို A, B, C သုံးအုပ်စုဆိုပြီး ပြောင်းလဲသတ်မှတ်ခဲ့ပြန်ပါတယ်။

အဲဒီနောက် ဩဂုတ် ၂၂ ရက်ကနေစလို့ ရန်ကုန်တိုင်းထဲက ခရိုင်နဲ့ မြို့နယ်တွေအားလုံးကို ၄ နာရီမီးလာ ၄ နာရီမီးပြတ်စနစ်နဲ့ ထပ်မံပြောင်းလဲပေးဝေလာတာဖြစ်ပါတယ်။

“မီးကအချိန်အမျိုးမျိုးပြောင်းနေတော့ လုပ်ကိုင်စားသောက်ရတာတွေက အဆင်မပြေဘူးလို့ဘဲပြောချင်တယ်။ဒီကောင်တွေစီမံခန့်ခွဲတာကိုလည်း အရင်အစိုးရတွေကို ကွန်ပလိန်းတက်လို့ရတာမဟုတ်ဘူး။ အဲတော့ လာတဲ့အချိန် လုပ်စရာရှိတာလုပ်လိုက်တယ်။ မလာတော့လည်း ထိုင်နေရုံပေါ့၊ အလုပ်အကိုင်တွေနဲ့အချိန်လုပြီးးလုပ်နေရတဲ့သူ‌တွေအရမ်းသနားဖို့ကောင်းတာ။ အချို့ဆို ည၁၀နာရီလောက်မှ မီးလာလို့ ချက်ပြုတ်စားရသူတွေတောင်ရှိတယ်။”လို့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းနေထိုင်သူတဦးက ဆိုပါတယ်။

ရေအားလျှပ်စစ်နဲ့ လည်ပတ်နေတဲ့မြန်မာနိုင်ငံမှာ မိုးတွင်းကာလရောက်လင့်ကစား လျှပ်စစ်မီး၂၄ နာရီမရတဲ့အပြင် အချိန်ပိုင်းပေးဝေတာမျိုးတောင်မမှန်တဲ့အတွက် လာမဲ့နွေရာသီကာလအတွင်း ရင်မောရတယ်လို့မြောက်ဥက္ကလာပမြို့နယ်အတွင်းနေထိုင်သူတဦးကဆိုပါတယ်။

“ရာသီဥတုတွေကမှန်တာမဟုတ်တော့ လာမယ်နွေရာသီမှာ ဒီမီးပေးတဲ့အခြေ အနေနဲ့ဆို ရေတင်တာတွေ ချက်ပြုတ်ရတဲ့အချိန်တွေအားလုံး ကမောင်ကမဖြစ်မယ်၊ လူနေမှုပုံစံတွေပြောသ်းလာတာနဲ့အမျှ ကျန်းမာရေးတွေပါထိခိုက်လာနိုင်တယ်”လို့ သူကဆိုပါတယ်။

ဒါအပြင် အခုလို ၄ နာရီမီးလာ ၄ နာရီမီးပျက်စနစ်နဲ့ပေးဝေပေးမယ့် အချို့မြို့နယ်တွေမှာ ၈နာရီကြာမီုပြတ်နေသလို့ အချို့မြို့နယ်တွေမှာ လာချိန်ထက် ကြိုလာနေတာမျိုးတွေလည်းရှိနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-လူမှုကွန်ရက်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး