Homeပြည်တွင်းသတင်းရန်ကုန်တွင် လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက ဗုံးခွဲတိုက်ခိုက်မှုတွေရှိနေ

ရန်ကုန်တွင် လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက ဗုံးခွဲတိုက်ခိုက်မှုတွေရှိနေ

၂၀ နိုဝင်ဘာ ၂၀၂၅

ရန်ကုန်တွင် လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက ဗုံးခွဲတိုက်ခိုက်မှုတွေရှိနေပြီး၊ ယခုရက်ပိုင်းအတွင်း မှော်ဘီ၊ မြောက်ဥက္ကလာနှင့် လှည်းကူးမြို့နယ်မှာ ဗုံးခွဲတိုက် ခိုက်ခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ Rangoon Scout Network က ဆိုပါတယ်။

ဖြစ်စဉ်တွေအရ နိုဝင်ဘာလ ၁၆ ရက်နေ့ ည ၁၀ နာရီခန့်တွင် မှော်ဘီမြို့နယ်၊ အ ကြမ်းဖက်စစ်တပ်ရဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးပါတီရုံးကိုပစ်မှတ်ထားပြီး လက်လုပ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်အဖွဲ့က အသိပေးထားပါတယ်။

အလားတူ နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေ ၄ နာရီခန့်မှာ မြောက်ဥက္ကလာမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ ၂၂ ရပ်ကွက် အုပ်ချုပ်‌ ရေးမှူးရုံးကို ပစ်မှတ်ထားပြီးလက်ပစ်ဗုံး ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ The Blood Line အဖွဲ့က ကြေညာထားပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၆ နာရီ ၁၀ မိနစ်ခန့်တွင် လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းရပ်ကွက် အုပ်ကြီးရုံးကို ပစ် မှတ်ထား၍ ပြင်းအားမိုင်း ၂ လုံးနဲ့ တိုက် ခိုက်ခဲ့တယ်လို့ အနောက်ပိုင်းခရိုင် ပကဖ နဲ့ Yangon Army တို့က ထုတ်ပြန်ထားကြပါတယ်။

လက်ရှိမှာ ရန်ကုန်မှာ ရွေးကောက်ပွဲနီး ကပ်လာတာနဲ့အမျှ ဧည့်စာရင်းစစ်ဆေးတာတွေ ၊ စစ်မှုထမ်းအတွက် အကြောင်းမရှိအကြောင်း ရှာဖွေဖမ်းဆီးအရေးယူတာတွေလည်းရှိနေတာဖြစ်ပါတယ်။

ဓာတ်ပုံ-Rangoon Scout Network

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး