Homeပြည်တွင်းသတင်းရန်ကုန်တိုင်း (၃၁) မြို့နယ်တွင် ညမထွက်ရအမိန့် အချိန်ပြောင်းလဲထုတ်ပြန်

ရန်ကုန်တိုင်း (၃၁) မြို့နယ်တွင် ညမထွက်ရအမိန့် အချိန်ပြောင်းလဲထုတ်ပြန်

၃၀ ဩဂုတ်၊ ၂၀၂၄

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ်အတွင်းက မြို့နယ် (၃၁) မြို့နယ်မှာ ညမထွက်ရ အမိန့်အချိန်သတ်မှတ်ချက်ကို ပြောင်းလဲသတ်မှတ်တယ်လို့ ဩဂုတ် (၂၇) ရက်စွဲနဲ့ ရန်ကုန်တိုင်း ဒေသကြီး အထွေထွေ အုပ်ချုပ်ရေးရုံးက ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးကို ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ (၁၄၄) အရ ည ၁၂ က နံနက် ၄ အထိ ညမထွက်ရအမိန့်ထုတ်ပြန်ထားရာက အခု ဆိပ်ကြီးခနောင်တိုနဲ့ ဒလမြို့နယ်ကို မပါဝင်ဘဲ ကျန်တဲ့ ၃၁ မြို့နယ်ကို မနက် ၁ နာရီမှ မနက် ၃ နာရီထိ ပြောင်းလဲ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

မနက် ၁နာရီက မနက် ၃ နာရီထိ ညမထွက်ရ အမိန့်ဥပဒေသက်ရောက်တဲ့ မြို့နယ် ၃၁ မြို့နယ်မှာ ာ သင်္ဃန်းကျွန်းမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ တာမွေမြို့နယ်၊တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္က လာပမြို့နယ်၊ ပုဇွန်တောင် မြို့နယ်၊ ဒေါပုံမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကင်းမြို့နယ်၊ သာကေတ မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့ နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ကမာရွတ်မြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ကြည့်မြင်တိုင် မြို့ နယ် ၊ စမ်းချောင်းမြို့နယ်၊ ဒဂုံမြို့နယ်၊ပန်း ဘဲတန်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်၊ လမ်းမတော် မြို့နယ်၊ လသာမြို့နယ်၊ အလုံမြို့နယ်၊ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် နဲ့ ရွှေပြည်သာမြို့နယ်တို့ ဖြစ်ကြပါတယ်။

စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားတဲ့ မြို့နယ်တွေမှာ စစ်အုပ်ချုပ်ရေးအမိန့်ကို ရုပ်သိမ်းခြင်းမရှိဘဲ ညမထွက်ရအမိန့်ကို အချိန်သာပြောင်းလဲသတ်မှတ်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။

အခုထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ဟာ နောက်ထပ်အမိန့်တစ်စုံတစ်ရာ မရမချင်း အတည်ဖြစ် စေရမည်လို့လည်း အမိန့်ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရန်ကုန်တိုင်းကို ၂၀၂၁ ဖေဖော်ဝါရီ ၈ ရက်ကစပြီး ည၁၀ မှ မနက် ၄ အထိ ညမထွက်ရ သတ်မှတ်ရာက ၂၀၂၂ ခုနှစ် ဇူလိုင် ၂၂ ရက်မှာ ည ၁၂ က မနက် ၄ ပြောင်းလဲ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးထဲက ရန်ကုန်တိုင်းမှာ ပုဒ်မ ၁၄၄ အရ ညမထွက်ရအမိန့်ထုတ်ပြီး တစ်ကြိမ်မှ ပယ်ဖျက်ခြင်း မရှိဘဲ ဖမ်းဆီးအရေးယူမှုတွေ လုပ်ခဲ့ပါတယ်။

ပုံစာ- (ရန်ကုန်မြို့ Night Life မြင်ကွင်းတချို့)

ဆက်စပ် သတင်းများ

Most read