ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်းမှာရှိတဲ့ ငမိုးရိပ်ရေလှောင်တမံဟာ ဒီက နေ့ စက်တင်ဘာ ၂၅ ရက်နေ့မှာ တမံရေ ပြည့်ဖို့ ပေဝက်နီးပါးသာလိုတော့တယ်လို့ စစ်ကော်မရှင် ဆည်မြောင်းဝန်ကြီးဌာနက အသိပေးထားပါတယ်။
ရာဆာဂါမုန်တိုင်းအရှိန်ကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက မိုးများခဲ့တာကြောင့် တမံရေမြင့်တက်လာတာဖြစ်ပြီး ၊ ယမန်နေ့ စက် တင်ဘာ၂၄ ရက်နေ့မှာ ရေပြည့်မှတ်ရောက်ဖို့ ၀.၁၀ (တစ်ပေ) ကျော်လိုရာကနေ ဒီကနေ့မှာ ထပ်မံမြင့်တက်လာခဲ့ဘဲဖြစ်ပါတယ်။
နှစ်စဥ်ပျှမ်းမျှမိုးရေချိန် ၁၀၀.၀၀ လက်မ လက်ခံရရှိတာကနေ ယခုအချိန်အထိ မိုးရေချိန်မှာ ၉၀.၁၅ လက်မအထိ လက် ခံရရှိပြီးဖြစ်တယ်လို့ သိရပါတယ်။
ထိုနည်းတူဘဲ လှည်းကူမြို့နယ်အတွင်းမှာရှိတဲ့ မဟူရာရေလှောင်တမံဟာလည်းရေပြည့်မှတ်ရောက်ဖို့ ၁ ပေကျော်သာလိုတော့ပြီး ပေါင်းလင်းရေလှောင်တမံကတော့ ရေပြည့်မှတ်ရောက်ဖို့ ၁၀ ပေကျော် လိုအက်နေသေးကြောင်း အသိ ပေးဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ နေ့ တစ်ရက်လုံးမိုးများခဲ့တာကြောင့် ရန်ကုန်တိုင်းအတွင်းက ကလီထော်ချောင်း၊ ဝါးပငဲ့ချောင်း၊ ဝါးဒရယ်ချောင်များတွင် ရေ တက်နေပြီး ငမိုးရိပ်ချောင်း(လှည်းကူးတံတား)တွင်လည်း ရေတက်လျှက်ရှိကာ ယင်းချောင်းနဘေးနေထိုင်သူများ သတိ ပြုရန် နှိုးဆော်ထားပါတယ်။
ဓာတ်ပုံ-Ngamoeyeik ID


