Homeပြည်တွင်းသတင်းရန်ကုန်တိုင်းအတွင်းမြို့နယ်၂ မြို့နယ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးကိစ္စနဲ့ပတ် သက်လို့ စစ်ကော်မရှင်စွပ်စွဲချက်အပေါ် SSPPနဲ့ AAတို့ ပယ်ချ

ရန်ကုန်တိုင်းအတွင်းမြို့နယ်၂ မြို့နယ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးကိစ္စနဲ့ပတ် သက်လို့ စစ်ကော်မရှင်စွပ်စွဲချက်အပေါ် SSPPနဲ့ AAတို့ ပယ်ချ

၂၄ ဩဂုတ်၂၀၂၅

ရန်ကုန်တိုင်းအတွင်းက ရွေပြည်သာမြို့နယ်နဲ့ကွမ်းခြံကုန်းမြို့နယ်တွေမှာကျပ် ၂၅၇ ဘီလျံကျော်တန်ဖိုးတဲ့

မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိတယ်လို့ စစ်ကော်မရှင် လက်အောက်ခံ မူးယစ်တပ်ဖွဲ့က ဩဂုတ်၂၂ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ထုတ်ပြန်ချက်မှာ မူးယစ်ဆေးဝါးတွေဟာ အာရက္ခတပ်တော်(AA)နဲ့ ရှမ်းပြည်တပ်မတော်(SSPP)တို့ ပါဝင်ပတ် သက်နေတယ်လို့ ဖော်ပြထားတာကြောင့် ဒီစွပ်စွဲချက်အပေါ်ပယ်ချတယ်လို့ ရှမ်းပြည်တပ်မတော်(SSPP)က ပြန်လည်ထုတ်ပြန်ထားပါတယ်။

ဒါဟာ စစ်ကော်မရှင် ရဲတပ်ဖွဲ့အနေနဲ့SSPP/SSA အဖွဲ့အစည်းအပေါ် နိုင်ငံရေးအရ ဂုဏ်သိက္ခာကျစေလိုတာနဲ့ နာမည်ပျက်ပြီး အဖွဲ့အစည်းအတွင်း စည်းလုံးညီ ညွတ်မှုကို ထိခိုက်ပျက်ပြားစေလိုဖြစ်တဲ့အပြင် မိမိတို့လိုလားထိန်းသိမ်းဆောင် ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထိခိုက်ပျက်ပြားစေတာဖြစ်တဲ့အ တွက် လိုရာဆွဲထည့်ရေးသား တိုက်ခိုက်ထုတ်ပြန်ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် စစ်ကော်မရှင်လက်အောက်ခံမူးယစ်ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာ ပါဝင်တဲ့ဗိုလ်မှူး စိုင်းစုဆိုသူမှာလည်း မိမိတို့အဖွဲ့ အစည်းအတွင်းမရှိဘဲ ဗိုလ်မှူးကြီးစိုင်းဆုဆိုသူသာရှိပြီး၊ သူဟာ ရှမ်းပြည်တပ်မတော်(SSPP)ရဲ့အတွင်းရေးမှူးတာဝန်ထမ်းဆောင်နေပြီး နိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုင်ရာ ညှိနှိုင်းရေး အထူးတာဝန်လုပ်ငန်းများကိုသာ လုပ် ကိုင်ဆောင်ရွက်နေသူဖြစ်တယ်လို့ ဆိုပါတယ်။

SSPP/SSAအဖွဲ့အစည်းဟာ မူးယစ်ဆေး ဝါးနဲ့ပတ်သက်လို့ လုံးဝပပျောက်ဖို့အတွက်ထိန်းချူပ်ထားတဲ့ နယ်မြေဒေသအတွင်းက အဖွဲ့ရဲ့ ပါတီဝင်၊ အဖွဲ့ဝင်များ ပါဝင်ပတ်သက်တာ၊ ရောင်းဝယ်ဖောက် ကားတာ၊ထုတ်လုပ်တာတွေလုံးဝ(လုံးဝ) ပိတ်ပင် ထားတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အလားတူဘဲ အာရက္ခတပ်တော်(AA)ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကလည်းစစ်ကော်မရှင်ရဲ့ မရိုးနိုင်တဲ့ မတရား လုပ် ကြံစွပ်စွဲကာ နိုင်ငံရေးအောက်လုံးတွေနဲ့ အောက်တန်းကျတဲ့ဝါဒဖြန့်တိုက်ခိုက်မှုတွေပဲဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဒါအပြင် ULA/AAအနေနဲ့ ဒီလို လူ့အဖွဲ့ အစည်းကို အန္တရာယ်ပြုမယ့် မူးယစ်ဆေးဝါးကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ပါတယ်လို့ ဦးခိုင်သုခက တဆက်တည်းပြောကြားထားပါတယ်။

ရန်ကုန်တိုင်းအတွင်း မကြာခဏဆိုသလို ဘီလျံချီတဲ့ မူးယစ်ဆေးဝါးတွေဖမ်းမိပြီဆိုရင် စစ်ကော်မရှင် လက်အောက်ခံမူးယစ်တပ်ဖွဲ့က တိုင်းရင်းသားလက်နက်ကိုင်ူတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ချိတ်ဆက်လုပ်ဆောင်တာတွေပါဝင်တယ်လို့ ဖမ်းမိတဲ့တရားခံတွေရဲ့ ပြောဆိုချက်ဆိုပြီး ထုတ်ပြန်တာမျိုးတွေရှိနေတာပါ။

ကုလသမဂ္ဂ ရာဇဝတ်မှုနဲ့ မူးယစ်ဆေးဝါးနှိမ်နင်းမှုရုံး (UNODC)က အရှေ့တောင်အာရှမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ ရှမ်းအရှေ့နဲ့ ဆက်နေတဲ့ ရွှေတြိဂံနယ်ကနေ အရင်းခံတယ်လို့ မကြာသေးခင်က သူတို့ရဲ့ အစီရင်ခံစာမှာ ဖော် ပြထားတာတွေ့ရပါတယ်။

ဓာတ်ပုံ-CCDAC Myanmar

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး