Homeပြည်တွင်းသတင်းရန်ကုန်တိုင်းမြို့နယ်တွေကို မီတာခ နှစ်ဆ တိုးမြင့်ကောက်ခံပြီး တစ်နေ့ ၄ နာရီ အလှည့်ကျစနစ်နဲ့ လျှပ်စစ်မီးပေးဝေ

ရန်ကုန်တိုင်းမြို့နယ်တွေကို မီတာခ နှစ်ဆ တိုးမြင့်ကောက်ခံပြီး တစ်နေ့ ၄ နာရီ အလှည့်ကျစနစ်နဲ့ လျှပ်စစ်မီးပေးဝေ

၂၉ စက်တင်ဘာ၊ ၂၀၂၄

စက်တင်ဘာလ ၂၈ ရက်ကစပြီး ရန်ကုန်တိုင်းက မြို့နယ်တွေကို ၄နာရီအလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးပေးမယ်လို့ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးတွေက ကြေညာထားပါတယ်။ ရန်ကုန်တိုင်းအတွင်း အရှေ့ပိုင်း၊အနောက်ပိုင်း၊ မြောက်ပိုင်းနဲ့ တောင်ပိုင်း ခရိုင်တွေကို သတ်မှတ်ချိန်အလိုက်ပဲ မီးပေးတော့မယ်လို့ ဆိုပါတယ်။

မနက် ၅ နာရီကနေ ၉ နာရီ၊ ၉ နာရီကနေ တစ်နာရီ၊ တစ်နာရီကနေ ညနေ ၅ နာရီ နဲ့ ညနေ ၅ နာရီကနေ ၉ နာရီအထိ မီးဖြတ်မယ်သွားမှာ ဖြစ်ပြီး တစ်ရက်ကို ၄ နာရီ ၂ ကြိမ်နှုန်းနဲ့ အနည်းဆုံး မီး ၈ နာရီဖြတ်တောက်ခံရမှာ ဖြစ်ပါတယ်။ စက်မှုဇုန်တွေကိုလည်း မနက် ၉ ညနေ ၅ ထိသာ လျှပ်စစ်မီးဖြန့်ဖြူးပေးသွားမှာဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်က လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဟာ လျှပ်စစ်မီတာခများကိုလည်း စက်တင်ဘာလကစတင်ပြီး ၂ ဆတိုးမြှင့်သွားမယ့်အကြောင်း ကြေညာထားပါတယ်။ မီတာခ ပြင်ဆင်သတ်မှတ်ဖို့ကို ၂၀၂၄ ၊ ဇူလိုင်လထဲက အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချတာဖြစ်ပြီး ၂ဆ တိုးကောက်ဖို့ကိုတော့ စက်တင်ဘာလမှာ စတင်ကောက်ခံတာဖြစ်ပါတယ်။

ပြည်ပရင်းနှီးမြှုပ်နှံမှုတွေဖြစ်တဲ့ LNG (သဘာဝဓာတ်ငွေ့ရည်) ဓာတ်အားပေးစက်ရုံတွေဟာ ၂၀၂၃ နှစ်စပိုင်းက ထွက်ခွာသွားသလို လျှပ်စစ်ဓာတ်အား အမြင့်ဆုံး ထုတ်လုပ်နိုင်မှုကလည်း အာဏာမသိမ်းခင်က မဂ္ဂါဝပ် ၄,၂၀၀ ရှိခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း မဂ္ဂါဝပ် ၂,၀၀၀ ခန့်သာ ထုတ်လုပ်နိုင်တယ်လို့ သိရပါတယ်။

NLD အစိုးရလက်ထက်မှာ ရေအားလျှပ်စစ်မထုတ်နိုင်တဲ့ နွေရာသီမှာ မီးမပြတ်တောက်ဖို့ ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နဲ့သာကေတတို့မှာ သဘာဝဓာတ်ငွေ့သုံး စီမံကိန်းငါးခုတည်ဆောက်ထားပါတယ်။ ၂၀၂၀ ဇွန်လမှာတော့ သာကေတ စက်ရုံက ၄၀၀ မဂ္ဂါဝပ်နှင့် သန်လျင်စက်ရုံက ၃၅၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံတွေက ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်။

ပုံစာ – အာဏာမသိမ်းခင်က ရန်ကုန်မြို့တွင်းမြို့ပြင်မကျန် လျှပ်စစ်မီးအပြည့်ရစဉ်
Photo – CJ

ဆက်စပ် သတင်းများ

Most read